28. အာဗြဟံတွင်ဣဇာက်နှင့်ဣရှမေလဟူ၍ သားနှစ်ယောက်ရှိ၏။-
29. ဣရှမေလမှဆင်းသက်လာသူများသည် အနွယ် တစ်ဆယ့်နှစ်နွယ်တို့၏ဦးစီးခေါင်းဆောင်များ ဖြစ်လာကြ၏။ ထိုတစ်ဆယ့်နှစ်နွယ်တို့၏နာ မည်များမှာ (ဣရှမေလ၏သားဦးကို အစွဲ ပြု၍မှည့်ခေါ်သည်) နဗာယုတ်၊ ကေဒါ၊ အာဒ ဗေလ၊ မိဗသံ၊-
30. မိရှမ၊ ဒုမာ၊ မာစ၊ ဟာဒါ၊ တေမ၊-
31. ယေတုရ၊ နာဖိရှ၊ ကေဒမာဟူ၍ဖြစ်သတည်း။
32. အာဗြဟံ၏မယားနှောင်းနာမည်မှာကေတုရ ဖြစ်၏။ သူသည်ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဘတ်နှင့်ရှုအာဟူသောသားခြောက်ယောက် ကိုဖွားမြင်လေသည်။ ယုတ်ရှန်တွင်ရှာဘနှင့် ဒေဒန်ဟူသောသားနှစ်ယောက်ရှိ၏။-
33. မိဒျန်တွင်ဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒ နှင့်ဧလဒါဟူသောသားငါးယောက်ရှိ၏။