11. အီဂျစ်မှဆင်းသက်လာသူများမှာလုဒိန်၊ အာနမိမ်၊ လဟာဗိမ်၊ နတ္တုဟိမ်၊-
12. ပါသရုသိမ်၊ ကာသလုဟိမ်နှင့်ကတ္တောရိမ် အမျိုးသားများတည်း။ (ကတ္တောရိမ်အမျိုး သားများမှဖိလိတ္တိအမျိုးသားတို့ဆင်း သက်ပေါက်ပွားလာကြပေသည်။-)
13. ခါနာန်၏သားအကြီးဇိဒုန်နှင့်သားငယ် ဟေသတို့မှဆင်းသက်လာသူများမှာ မိမိ တို့၏အမည်နာမအသီးသီးကိုဆောင် ကုန်သောအမျိုးသားများဖြစ်ကြ၏။-
14-16. ခါနာန်သည်ယေဗုသိ၊ အာမောရိ၊ ဂိရဂါရှိ၊- ဟိဝိ၊ အာကိ၊ သိနိ၊- အာဝဒိ၊ ဇေမရိနှင့်ဟာမသိ အမျိုးသားများ၏ဘိုးဘေးများဖြစ်ကြ၏။
17. ရှေမ၏သားများဖြစ်ကြသော ဧလံ၊ အာရှု၊ အာဖာဇဒ်၊ လုဒ၊ အာရံ၊ ဥဇ၊ ဟုလ၊ ဂေသာ နှင့်မာရှတို့သည် မိမိတို့၏နာမည်အသီး သီးကိုဆောင်ကုန်သောအမျိုးသားတို့၏ ဘိုးဘေးများဖြစ်ကြ၏။-
18. အာဖာဇဒ်၏သားသည် ရှာလ၊ ရှာလ၏သား မှာဟေဗာဖြစ်၏။-
19. ဟေဗာတွင်သားနှစ်ယောက်ရှိ၏။ တစ်ယောက်သည် ဖာလက်ဟုနာမည်တွင်၏။ အဘယ်ကြောင့်ဆို သော်သူ၏လက်ထက်တွင် ကမ္ဘာပေါ်ရှိလူတို့ သည်ကွဲသွားကြသောကြောင့်ဖြစ်၏။ အခြား သားတစ်ယောက်သည်ယုတ္တန်ဟုနာမည်တွင်၏။-
20. ယုတ္တန်မှဆင်းသက်လာသူများမှာ အာလ မောဒန်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊-
21. ဟဒေါရံ၊ ဥဇာလ၊ ဒိကလ၊
22-23. သြဗာလ၊ အဘိမေလ၊ ရှေဘ၊ သြဖိရ၊ ဟဝိလနှင့်ယောဗပ်အမျိုးသားများဖြစ် သတည်း။
24. ရှေမမှအာဗြဟံအထိဆွေစဉ်မျိုးဆက် များမှာ ရှေမ၊ အာဖာဇဒ်၊ ရှာလ၊-
25-27. ဟေဗာ၊ ဖာလက်၊ ရာဂေါ၊- စေရောက်၊ နာခေါ်၊ တေရ နှင့်၊-အာဗြဟံဟုလည်းနာမည်တွင်သောအာဗြံ တို့ဖြစ်ကြ၏။
28. အာဗြဟံတွင်ဣဇာက်နှင့်ဣရှမေလဟူ၍ သားနှစ်ယောက်ရှိ၏။-
29. ဣရှမေလမှဆင်းသက်လာသူများသည် အနွယ် တစ်ဆယ့်နှစ်နွယ်တို့၏ဦးစီးခေါင်းဆောင်များ ဖြစ်လာကြ၏။ ထိုတစ်ဆယ့်နှစ်နွယ်တို့၏နာ မည်များမှာ (ဣရှမေလ၏သားဦးကို အစွဲ ပြု၍မှည့်ခေါ်သည်) နဗာယုတ်၊ ကေဒါ၊ အာဒ ဗေလ၊ မိဗသံ၊-
30. မိရှမ၊ ဒုမာ၊ မာစ၊ ဟာဒါ၊ တေမ၊-
31. ယေတုရ၊ နာဖိရှ၊ ကေဒမာဟူ၍ဖြစ်သတည်း။