3. သို့ရာတွင်အဖ၏လမ်းစဉ်ကိုမလိုက်ကြ။ ငွေကြေးရရှိမှုကိုသာလျှင်စိတ်ဝင်စား သဖြင့် တံစိုးလက်ဆောင်ယူကာအမှုများ ကိုမတရားစီရင်ဆုံးဖြတ်ကြ၏။
4. ထိုအခါဣသရေလအမျိုးသားခေါင်း ဆောင်အပေါင်းတို့သည် စုဝေး၍ရာမမြို့ ရှိရှမွေလထံသို့သွားပြီးလျှင်၊-
5. ``အရှင်သည်အသက်အရွယ်အို၍လာပါပြီ။ အရှင့်သားတို့သည်လည်းအရှင်၏လမ်းစဉ် ကိုမလိုက်ကြပါ။ သို့ဖြစ်၍အကျွန်ုပ်တို့ အားအုပ်စိုးရန်ဘုရင်ကိုခန့်ပေးပါ။ သို့မှ သာလျှင်အကျွန်ုပ်တို့တွင်အခြားတိုင်းပြည် များမှာကဲ့သို့ဘုရင်ရှိပါလိမ့်မည်'' ဟု လျှောက်ထားကြ၏။-
6. ယင်းသို့ဘုရင်ခန့်ထားပေးရန်လူတို့တောင်း ဆိုကြသည်ကို ရှမွေလမနှစ်သက်သဖြင့် ထာဝရဘုရားထံတော်သို့ဆုတောင်းပတ္ထ နာပြုလေ၏။-
7. ထာဝရဘုရားက``လူတို့သင့်အားပြော သမျှစကားကိုနားထောင်လော့။ သူတို့သင့် ကိုပစ်ပယ်ကြသည်မဟုတ်၊ ငါ့ကိုပစ်ပယ် ကြ၏။ သူတို့သည်ငါ့အားမိမိတို့၏ ဘုရင်အဖြစ်မှပစ်ပယ်ကြလေပြီ။-
8. သူတို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာ ချိန်မှ ယနေ့တိုင်သူတို့သည်ငါ့ကိုကျော ခိုင်းကာအခြားဘုရားများကိုဝတ်ပြု ကိုးကွယ်ကြ၏။ သူတို့သည်ငါ့အား အစဉ် ပြုခဲ့သည့်အတိုင်းယခုအခါသင့်ကို ပြုကြခြင်းသာဖြစ်၏။-