၁ ရာ 8:1-4 Common Language Bible (BCL)

1. ရှ​မွေ​လ​သည်​အို​မင်း​၍​လာ​သော​အ​ခါ​မိ​မိ ၏​သား​များ​အား ဣ​သ​ရေ​လ​ပြည်​တွင်​တ​ရား သူ​ကြီး​များ​အ​ဖြစ်​ခန့်​ထား​၏။-

2. သား​ကြီး​ကား​ယော​လ၊ သား​ငယ်​ကား​အ​ဘိ ရ​ဟု​နာ​မည်​တွင်​၏။ သူ​တို့​သည်​ဗေ​ရ​ရှေ​ဗ မြို့​တွင်​တ​ရား​သူ​ကြီး​များ​အ​ဖြစ်​ဆောင် ရွက်​ကြ​၏။-

3. သို့​ရာ​တွင်​အ​ဖ​၏​လမ်း​စဉ်​ကို​မ​လိုက်​ကြ။ ငွေ​ကြေး​ရ​ရှိ​မှု​ကို​သာ​လျှင်​စိတ်​ဝင်​စား သ​ဖြင့် တံ​စိုး​လက်​ဆောင်​ယူ​ကာ​အ​မှု​များ ကို​မ​တ​ရား​စီ​ရင်​ဆုံး​ဖြတ်​ကြ​၏။

4. ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​အ​ပေါင်း​တို့​သည် စု​ဝေး​၍​ရာ​မ​မြို့ ရှိ​ရှ​မွေ​လ​ထံ​သို့​သွား​ပြီး​လျှင်၊-

19-20. လူ​တို့​သည်​ရှ​မွေ​လ​ပြော​ကြား​သည်​ကို​ပ​မာ ဏ​မ​ပြု​ဘဲ``ထို​သို့​မ​ဟုတ်​ပါ။ အ​ကျွန်ုပ်​တို့ သည်​အ​ခြား​တိုင်း​ပြည်​များ​မှာ​ကဲ့​သို့​မိ​မိ တို့​အား​အုပ်​စိုး​၍ မိ​မိ​တို့​၏​စစ်​ပွဲ​များ​တွင် ရှေ့​ဆောင်​တိုက်​ခိုက်​ရန်​ဘု​ရင်​ကို​လို​ချင်​ပါ သည်'' ဟု​လျှောက်​ကြ​၏။-

၁ ရာ 8