1. ရှမွေလသည်အိုမင်း၍လာသောအခါမိမိ ၏သားများအား ဣသရေလပြည်တွင်တရား သူကြီးများအဖြစ်ခန့်ထား၏။-
2. သားကြီးကားယောလ၊ သားငယ်ကားအဘိ ရဟုနာမည်တွင်၏။ သူတို့သည်ဗေရရှေဗ မြို့တွင်တရားသူကြီးများအဖြစ်ဆောင် ရွက်ကြ၏။-
3. သို့ရာတွင်အဖ၏လမ်းစဉ်ကိုမလိုက်ကြ။ ငွေကြေးရရှိမှုကိုသာလျှင်စိတ်ဝင်စား သဖြင့် တံစိုးလက်ဆောင်ယူကာအမှုများ ကိုမတရားစီရင်ဆုံးဖြတ်ကြ၏။
19-20. လူတို့သည်ရှမွေလပြောကြားသည်ကိုပမာ ဏမပြုဘဲ``ထိုသို့မဟုတ်ပါ။ အကျွန်ုပ်တို့ သည်အခြားတိုင်းပြည်များမှာကဲ့သို့မိမိ တို့အားအုပ်စိုး၍ မိမိတို့၏စစ်ပွဲများတွင် ရှေ့ဆောင်တိုက်ခိုက်ရန်ဘုရင်ကိုလိုချင်ပါ သည်'' ဟုလျှောက်ကြ၏။-