1. ဂိလဗောတောင်ပေါ်တွင်ဖိလိတ္တိအမျိုးသား တို့နှင့် ဣသရေလအမျိုးသားတို့တိုက်ပွဲ ဖြစ်ရာ ဣသရေလအမျိုးသားအများ အပြားကျဆုံးကြ၏။ ကျန်သောသူတို့ သည်ထွက်ပြေးကြ၏။-
2. ဖိလိတ္တိအမျိုးသားတို့သည်ရှောလု၏သား များဖြစ်ကြသောယောနသန်၊ အဘိနဒပ် နှင့်မေလခိရွှတို့ကို လိုက်၍မီသဖြင့် သတ်ဖြတ်လိုက်ကြ၏။-
3. ရှောလု၏ပတ်လည်တွင်တိုက်ပွဲပြင်းထန်သည် ဖြစ်၍ မင်းကြီးကိုယ်တိုင်ပင်မြားမှန်သဖြင့် ပြင်းစွာဒဏ်ရာရလေ၏။-