၁ ရာ 29:1-6 Common Language Bible (BCL)

1. ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​၏​စစ် သည်​အ​ပေါင်း​တို့​ကို အာ​ဖက်​မြို့​တွင်​စု​ဝေး စေ​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ယေ​ဇ​ရေ​လ​ချိုင့်​ဝှမ်း​ရှိ​စမ်း​ချောင်း​အ​နီး တွင်​စ​ခန်း​ချ​ကြ​၏။-

2. ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး​တို့​သည်​မိ​မိ​တို့​၏​တစ် ရာ​တပ်၊ တစ်​ထောင်​တပ်​များ​နှင့်​ချီ​တက်​လာ​ကြ​၏။ ဒါ​ဝိဒ်​တို့​လူ​စု​သည်​နောက်​တပ်​မှ​အာ​ခိတ်​မင်း နှင့်​အ​တူ​လိုက်​ကြ​၏။-

3. ဖိ​လိတ္တိ​တပ်​မှူး​တို့​သည်​သူ​တို့​ကို​မြင်​လျှင်``ဤ ဟေ​ဗြဲ​အ​မျိုး​သား​တို့​သည်​အ​ဘယ်​ကြောင့်​ငါ တို့​နှင့်​အ​တူ​လိုက်​လာ​ကြ​သ​နည်း'' ဟု​မေး​၏။အာ​ခိတ်​က``သူ​သည်​ဣ​သ​ရေ​လ​ဘု​ရင်​ရှော​လု ၏​အ​စေ​ခံ​ဒါ​ဝိဒ်​ဖြစ်​၏။ ငါ့​ထံ​တွင်​နေ​ထိုင် လျက်​ရှိ​သည်​မှာ​ကာ​လ​အ​တော်​ကြာ​ပါ​ပြီ။ ငါ့​ဘက်​သို့​ဝင်​ရောက်​လာ​သည့်​နေ့​မှ​စ​၍​သူ ၏​အ​ပေါ်​တွင်​အ​ပြစ်​ဆို​စ​ရာ​တစ်​စုံ​တစ်​ခု မျှ​မ​တွေ့​ရ​ပါ'' ဟု​ပြော​၏။

4. သို့​ရာ​တွင်​ဖိ​လိတ္တိ​တပ်​မှူး​တို့​သည်​အာ​ခိတ် ကို​စိတ်​ဆိုး​၍``ထို​သူ့​အား​သင်​ပေး​အပ်​ထား သည့်​မြို့​သို့​ပြန်​လွှတ်​လိုက်​လော့။ ငါ​တို့​နှင့် အ​တူ​စစ်​တိုက်​ရာ​သို့​မ​လိုက်​စေ​နှင့်။ စစ် တိုက်​နေ​စဉ်​သူ​သည်​ငါ​တို့​အား​ရန်​မူ​ကောင်း ရန်​မူ​ပါ​လိမ့်​မည်။ သူ​သည်​မိ​မိ​အရှင့်​ထံ​တွင် ပြန်​၍​မျက်​နှာ​ရ​အောင်​ပြု​လုပ်​နိုင်​သည့် နည်း​မှာ​ငါ​တို့​လူ​များ​ကို​သတ်​သော​နည်း ထက်​ပို​၍​ကောင်း​သော​နည်း​ရှိ​ပါ​သ​လော။-

5. အ​မျိုး​သ​မီး​တို့​သည်​က​ခုန်​လျက်`ရှော​လု သတ်​သူ​အ​ထောင်​ထောင်၊ ဒါ​ဝိဒ်​သတ်​သူ​အ​သောင်း သောင်း' ဟု​သီ​ဆို​ခဲ့​ရာ​တွင်​ဤ​ဒါ​ဝိဒ်​၏​အ​ကြောင်း ကို​သီ​ဆို​ခြင်း​ပင်​မ​ဟုတ်​ပါ​လော'' ဟု​ဆို​ကြ ၏။

6. အာ​ခိတ်​သည်​ဒါ​ဝိဒ်​ကို​ခေါ်​ပြီး​လျှင်``သင်​သည် ငါ့​အ​ပေါ်​၌​သစ္စာ​စောင့်​ကြောင်း​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကိုး​ကွယ်​သည့်​အ​သက်​ရှင်​တော် မူ​သော​ဘု​ရား​သ​ခင်​ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို ပါ​၏။ ငါ​သည်​သင့်​အား​ငါ​နှင့်​အ​တူ​စစ်​ပွဲ​တွင် ဝင်​ရောက်​တိုက်​ခိုက်​စေ​လို​ပါ​၏။ ငါ​၏​ထံ​သို့ သင်​ဝင်​ရောက်​လာ​သည့်​နေ့​မှ​စ​၍​သင့်​အ​ပေါ် တွင်​အ​ပြစ်​တစ်​စုံ​တစ်​ရာ​ကို​မျှ​ငါ​မ​တွေ့ မ​မြင်​ပါ။ သို့​ရာ​တွင်​အ​ခြား​ဘုရင်​တို့​က သ​ဘော​မ​တူ​ကြ​ပါ။-

၁ ရာ 29