23. ရှောလုကမိမိအဘယ်အရာကိုမျှမစား လိုကြောင်းငြင်းဆန်၍နေ၏။ သို့ရာတွင်သူ၏ ငယ်သားတို့ကဝိုင်း၍တိုက်တွန်းကြသဖြင့် သူသည်နောက်ဆုံး၌အလျော့ပေးပြီးလျှင် မြေပေါ်မှထ၍ကုတင်ပေါ်တွင်ထိုင်တော် မူ၏။-
24. နတ်ဝင်သည်မလည်းမိမိဝအောင်ကျွေးထား သည့်နွားငယ်ကိုအလျင်အမြန်စီရင်၍ မုန့် ညက်အနည်းငယ်ကိုနယ်ကာတဆေးမပါ သောမုန့်ကိုဖုတ်လေ၏။-
25. ထိုနောက်ထိုအစားအစာကိုရှောလုနှင့် ငယ်သားတို့အားကျွေး၏။ သူတို့သည်စား သောက်ကြပြီးလျှင်ထိုညဥ့်၌ပင်ထွက် ခွာသွားကြ၏။