1. ကာလအနည်းငယ်ကြာသောအခါဖိလိတ္တိ အမျိုးသားတို့သည် ဣသရေလပြည်ကို တိုက်ခိုက်ရန်စစ်သည်များကိုစုရုံးကြ၏။ ထိုအခါအာခိတ်သည်ဒါဝိဒ်အား``သင်တို့ လူစုသည်ငါ၏ဘက်မှနေ၍တိုက်ရကြ မည်'' ဟုဆိုလျှင်၊
2. ဒါဝိဒ်က``မှန်လှပါ။ အကျွန်ုပ်သည်အရှင်၏ အစေခံဖြစ်ပါ၏။ အကျွန်ုပ်အဘယ်သို့စွမ်း ဆောင်နိုင်သည်ကိုကိုယ်တော်တွေ့မြင်ရပါ လိမ့်မည်'' ဟုလျှောက်၏။အာခိတ်ကလည်း``ကောင်းပြီ။ သင့်အားငါ ၏အမြဲတမ်းသက်တော်စောင့်အဖြစ်ခန့် ထားမည်'' ဟုဆို၏။