42. လျင်မြန်စွာထ၍မြည်းကိုစီးလေ၏။ ထို နောက်အမျိုးသမီးအစေခံငါးယောက် ကိုခေါ်၍ ဒါဝိဒ်၏စေတမန်များနှင့်အတူ လိုက်သွားပြီးလျှင် ဒါဝိဒ်၏ဇနီးအဖြစ် ခံယူလေသည်။
43. ဒါဝိဒ်သည်ယေဇရေလမြို့သူ အဟိနောင် နှင့်ထိမ်းမြားမင်္ဂလာပြုထားပြီးဖြစ်သော် လည်း ယခုအဘိဂဲလအားလည်းမိမိ၏ ဇနီးအဖြစ်ဖြင့်သိမ်းပိုက်လိုက်၏။-
44. ဤအတောအတွင်း၌ရှောလုသည် ဒါဝိဒ်၏ ဇနီးဟောင်း၊ မိမိ၏သမီးတော်မိခါလ အားဂလ္လိမ်မြို့မှလဲရှ၏သားဖာလတိနှင့် ထိမ်းမြားပေးစားပြီးဖြစ်သတည်း။