2-3. ကာလက်သားချင်းစုတွင်မောနမြို့သား နာဗလဆိုသူလူတစ်ယောက်ရှိ၏။ သူသည် ကရမေလမြို့အနီးတွင်နေထိုင်သောမြေ ပိုင်ရှင်ဖြစ်သည်။ သူသည်သိုးသုံးထောင်နှင့် ဆိတ်တစ်ထောင်ကိုပိုင်သဖြင့် အလွန်ကြွယ်ဝ ချမ်းသာသူဖြစ်၏။ သူ၏ဇနီးအဘိဂဲလ သည်အဆင်းလှ၍ ပညာအမြော်အမြင်ရှိ သူအမျိုးသမီးဖြစ်၏။ နာဗလမူကား သဘောယုတ်၍ရိုင်းပြသူဖြစ်သတည်း။နာဗလသည်ကရမေလမြို့တွင်မိမိ၏သိုး များကိုအမွေးညှပ်လျက်နေ၏။-
4. ထိုအကြောင်းကိုတောကန္တာရရှိဒါဝိဒ်ကြား သိရသဖြင့်၊-
5. ကရမေလမြို့သို့လူငယ်လူရွယ်ဆယ်ယောက် ကိုစေလွှတ်ကာ``သင်တို့သည်နာဗလကိုရှာ၍ ငါ့ကိုယ်စားနှုတ်ဆက်ကြလော့။-
6. သူ့အားဤသို့ပြောကြားလော့။ `ချစ်မိတ်ဆွေ၊ ဒါဝိဒ်သည်သင့်ကိုနှုတ်ဆက်လိုက်ပါ၏။ သင် နှင့်တကွသင်၏အိမ်ထောင်စုသားများသည် လည်းကောင်း၊ သင်နှင့်သက်ဆိုင်သူအပေါင်းတို့ သည်လည်းကောင်း ကျန်းမာချမ်းသာကြစေ ရန်ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။-
7. သင်သည်သိုးများကိုအမွေးညှပ်လျက်နေ ကြောင်းကြားသိရသဖြင့် ဒါဝိဒ်ကသင်၏ သိုးထိန်းတို့သည်ကျွန်တော်တို့ရှိရာအရပ် တွင် သိုးများကိုထိန်းကျောင်းနေကြသော် လည်း ကျွန်တော်တို့သည်သူတို့အားဘေး အန္တရာယ်မပြုခဲ့ကြောင်းကိုလည်းကောင်း၊ သူတို့သည်ကရမေလမြို့တွင်ရှိနေစဉ် အတောအတွင်း၌ မည်သည့်အရာတစ် စုံတစ်ခုမျှခိုးဝှက်ခြင်းမခံရကြ ကြောင်းကိုလည်းကောင်းသင့်အားသိစေ လိုပါသည်။-
8. ဤအကြောင်းကိုသိုးထိန်းတို့အားမေးမြန်း လျှင်သင်သိရှိနိုင်ပါလိမ့်မည်။ ကျွန်တော်တို့ သည်ဤပွဲနေ့၌ဤအရပ်သို့လာပါပြီ။ ဒါဝိဒ်ကကျွန်တော်တို့အားကြိုဆိုဧည့်ခံ ပါရန်ပန်ကြားလိုက်ပါ၏။ သင်၏အစေခံ ကျွန်တော်တို့အားလည်းကောင်း၊ သင်၏မိတ် ဆွေဒါဝိဒ်အားလည်းကောင်းသင်ပေးနိုင် သည့်အရာကိုကျေးဇူးပြု၍ပေးပါလော့။'
9. ယင်းသို့ညွှန်ကြားလိုက်သည့်အတိုင်းဒါဝိဒ် ၏လူတို့သည် နာဗလအားနှုတ်ဆက်ပြော ကြားပြီးလျှင်စောင့်ဆိုင်း၍နေကြ၏။-
20. သူသည်မြည်းကိုစီး၍လာရာတောင်ခြေလမ်း ကွေ့သို့ရောက်သောအခါ မိမိ၏ထံသို့ဦးတည် လာနေသောဒါဝိဒ်တို့လူစုနှင့်ရုတ်တရက် ဆုံမိလေ၏။-
21. ထိုသို့မဆုံမိခင်ဒါဝိဒ်က ဤသို့ဆို၏။ ``အဘယ် ကြောင့်တောကန္တာရတွင် ထိုလူ၏ပစ္စည်းဥစ္စာများ ကိုငါစောင့်ထိန်းပေးခဲ့မိပါသနည်း။ ယင်းသို့ သူ့အားကူညီစောင့်ရှောက်ခဲ့သဖြင့် ဤသို့ငါ့ အားကျေးဇူးကန်းလေပြီတကား။-
22. မိုးမလင်းမီသူတို့အားတစ်ယောက်မကျန် ငါမသတ်ပါမူ ဘုရားသခင်သည်ငါ့အား အဆုံးစီရင်တော်မူပါစေသော။''