27. ခြေလျင်တော်သည်ရှောလုထံသို့ရောက်ရှိ လာ၍``ဖိလိတ္တိအမျိုးသားတို့သည်အကျွန်ုပ် တို့၏ပြည်ကိုချင်းနင်းဝင်ရောက်လျက်နေ ပါပြီ။ ချက်ချင်းပြန်၍ကြွတော်မူပါ'' ဟုမင်းကြီးအားလျှောက်ထားသဖြင့်၊-
28. ရှောလုသည်ဒါဝိဒ်ကိုဆက်၍လိုက်လံဖမ်း ဆီးမှုမပြုတော့ဘဲ ဖိလိတ္တိအမျိုးသား တို့အားတိုက်ခိုက်ရန်ချီသွားတော်မူ၏။ ထို အရပ်တွင်သူတို့နှစ်စုအားခွဲခြားထား သည်ကိုအကြောင်းပြု၍ ထိုအရပ်ကို``ခွဲ ခြားထားသောတောင်'' ဟုခေါ်ဝေါ်သမုတ် ကြသတည်း။-
29. ဒါဝိဒ်သည်ထိုနေရာမှထွက်ခွာ၍ အင်္ဂေဒိ ဒေသသို့သွားရောက်ပုန်းအောင်းလျက်နေ လေသည်။