၁ ရာ 23:12-15 Common Language Bible (BCL)

12. ဒါ​ဝိဒ်​က``ကိ​လ​မြို့​သား​တို့​သည်​ကျွန်​တော် မျိုး​နှင့်​အ​ပေါင်း​ပါ​တို့​အား​ရှော​လု​လက်​သို့ ပေး​အပ်​ကြ​မည်​လော'' ဟု​တစ်​ဖန်​မေး​လျှောက် ပြန်​၏။ထာ​ဝ​ရ​ဘု​ရား​က``ပေး​အပ်​ကြ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​၏။

13. ထို့​ကြောင့်​ဒါ​ဝိဒ်​နှင့်​ခြောက်​ရာ​ခန့်​ရှိ​သော​အ​ပေါင်း ပါ​တို့​သည် ချက်​ချင်း​ပင်​ကိ​လ​မြို့​မှ​ထွက်​၍​သင့် ရာ​သို့​ဆုတ်​ခွာ​သွား​ကြ​၏။ ကိ​လ​မြို့​မှ​ဒါ​ဝိဒ် ထွက်​ပြေး​သွား​ကြောင်း​ရှော​လု​ကြား​သိ​သော အ​ခါ မိ​မိ​၏​အ​ကြံ​အ​စည်​ကို​ဖျက်​သိမ်း​လိုက် လေ​သည်။

14. ဒါ​ဝိဒ်​သည်​ဇိ​ဖ​တော​ကန္တာ​ရ​ရှိ​တောင်​ထူ ထပ်​သော​အ​ရပ်​တွင်​ပုန်း​အောင်း​လျက်​နေ​၏။ ရှော​လု​သည်​သူ့​အား​အ​ချိန်​ရှိ​သ​မျှ​ကြိုး စား​၍​ရှာ​ဖွေ​သော်​လည်း ဘု​ရား​သ​ခင်​သည် ဒါ​ဝိဒ်​အား​ရှော​လု​၏​လက်​သို့​ပေး​အပ်​တော် မ​မူ။-

15. ဒါ​ဝိဒ်​သည်​မိ​မိ​၏​အ​သက်​အန္တရာယ်​ကို ရှော​လု​ရှာ​ကြံ​ကြောင်း​သိ​မြင်​၏။ဒါ​ဝိဒ်​သည်​ဇိ​ဖ​တော​ကန္တာ​ရ​ရှိ​ဟော​ရေ​ရှ အ​ရပ်​သို့​ရောက်​ရှိ​နေ​စဉ်၊-

၁ ရာ 23