၁ ရာ 22:16-19 Common Language Bible (BCL)

16. မင်း​ကြီး​သည်``အ​ဟိ​မ​လက်၊ သင်​နှင့်​သင်​၏ ဆွေ​မျိုး​အ​ပေါင်း​တို့​သည်​သေ​ရ​ကြ​မည်'' ဟု​ဆို​ပြီး​လျှင်၊-

17. မိ​မိ​အ​နီး​တွင်​ရပ်​လျက်​နေ​သော​အ​စောင့် တပ်​သား​များ​အား``ထာ​ဝ​ရ​ဘု​ရား​၏​ယဇ် ပု​ရော​ဟိတ်​တို့​သည်​ဒါ​ဝိဒ်​နှင့်​အ​တူ​ကြံ​ရာ ပါ​များ​ဖြစ်​သ​ဖြင့် ဒါ​ဝိဒ်​ထွက်​ပြေး​ကြောင်း ကို​သိ​သော်​လည်း ငါ့​အား​မ​ပြော​သော​ကြောင့် သတ်​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။ သို့ ရာ​တွင်​အ​စောင့်​တပ်​သား​တစ်​စုံ​တစ်​ယောက် က​မျှ ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ် တို့​ကို​သတ်​ရန်​လက်​ကို​မျှ​မ​ဆန့်​ဝံ့​ကြ ချေ။

18. ထို့​ကြောင့်​ရှော​လု​သည်​ဒေါ​ဂ​အား``သင်​သည် သူ​တို့​ကို​သတ်​လော့'' ဟု​မိန့်​တော်​မူ​လျှင် ဒေါ​ဂ​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​ကို သတ်​လေ​၏။ ထို​နေ့​၌​ဒေါ​ဂ​သည်​သင်​တိုင်း ကို​ဝတ်​သော​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော ဟိတ်​ရှစ်​ဆယ့်​ငါး​ပါး​တို့​ကို​သတ်​လိုက် သ​တည်း။-

19. ရှော​လု​သည်​ယဇ်​ပု​ရော​ဟိတ်​မြို့​တည်း​ဟူ သော​နော​ဗ​မြို့​တွင်​နေ​ထိုင်​သည့် ယောကျာ်း၊ မိန်း​မ၊ က​လေး​သူ​ငယ်၊ နို့​စို့​အ​ရွယ်​မှ​စ​၍​လူ​အ​ပေါင်း တို့​ကို​လည်း​ကောင်း၊ နွား၊ မြည်း၊ သိုး​တို့​ကို​လည်း ကောင်း​သတ်​စေ​တော်​မူ​၏။

၁ ရာ 22