1. ဒါဝိဒ်သည်ဂါသမြို့မှထွက်ပြေးပြီးလျှင် အဒုလံမြို့အနီးရှိဂူသို့သွား၏။ ဤအကြောင်း ကိုသူ၏အစ်ကိုများနှင့်အခြားဆွေမျိုးတို့ သိကြသောအခါသူနှင့်အတူလာ၍နေ ကြ၏။-
2. ညှင်းပန်းနှိပ်စက်ခြင်းခံရကြသူ၊ ကြွေးမြီ တင်သူ၊ စိတ်မကျေမနပ်ဖြစ်သူမှစ၍စုစု ပေါင်းလူလေးရာခန့်တို့သည် သူ၏ထံသို့ ဝင်ရောက်လာကြသဖြင့် ဒါဝိဒ်သည်သူတို့ ၏ခေါင်းဆောင်ဖြစ်လာလေသည်။
3. ဒါဝိဒ်သည်ထိုအရပ်မှမောဘပြည်မိဇပါ မြို့သို့သွား၍မောဘဘုရင်အား``အကျွန်ုပ် အဖို့ထာဝရဘုရားအဘယ်သို့စီမံတော် မူမည်ကိုမသိရမီအတောအတွင်း အကျွန်ုပ် ၏မိဘနှစ်ပါးကိုအရှင်၏ထံတွင်နေထိုင် ခွင့်ပြုတော်မူပါ'' ဟုလျှောက်လေ၏။-
4. သို့ဖြစ်၍ဒါဝိဒ်သည်မိဘနှစ်ပါးကိုမောဘ ဘုရင်၏ထံတွင်ထားခဲ့၏။ မိဘနှစ်ပါးသည် ဂူထဲတွင် ဒါဝိဒ်ပုန်းအောင်း၍နေရသမျှ ကာလပတ်လုံးမောဘဘုရင်၏ထံတွင်နေ ထိုင်ကြ၏။