15. သင်၏ရန်သူအပေါင်းကိုထာဝရဘုရား သုတ်သင်ပယ်ရှင်းတော်မူသောအခါ၌ လည်း ကျွန်ုပ်၏အိမ်ထောင်စုသားတို့အပေါ် တွင်အစဉ်အမြဲသစ္စာစောင့်ပါလော့။-
16. ကျွန်ုပ်တို့နှစ်ဦးထားရှိကြသည့်ကတိ သစ္စာမပျက်မပြယ်တည်မြဲပါစေသတည်း။ အကယ်၍ထိုကတိသစ္စာကိုဖျက်ခဲ့သော် ထာဝရဘုရားသည် သင့်အားအပြစ်ဒဏ် စီရင်တော်မူပါစေသော''ဟုဆို၏။
17. ယောနသန်သည်ဒါဝိဒ်အားကိုယ်နှင့်အမျှ ချစ်သဖြင့် မိမိကိုလည်းချစ်ရန်ကတိပြု စေ၏။-
18. ထိုနောက်ယောနသန်က``နက်ဖြန်နေ့သည် လဆန်းပွဲတော်အခါဖြစ်သဖြင့် ပွဲတော် သို့သင်မတက်ရောက်ပါမူ သင်၏နေရာ လစ်လပ်လျက်နေသည်ကိုတွေ့ရှိကြလိမ့် မည်။-
19. သန်ဘက်ခါ၌လည်းယင်းသို့ပင်သင်မရှိ ကြောင်းတွေ့ရှိကြလိမ့်မည်။ သို့ဖြစ်၍ယခင်က သင်ပုန်းအောင်းနေခဲ့ဖူးသည့်အရပ်သို့သွား ၍ကျောက်ပုံ နောက်တွင်ပုန်းကွယ်လျက်နေလော့။-