၁ ရာ 17:45-49 Common Language Bible (BCL)

45. ဒါ​ဝိဒ်​က``သင်​သည်​ဋ္ဌား၊ ပစ်​လှံ၊ ထိုး​လှံ​တို့​နှင့် သာ​လာ​၏။ ငါ​မူ​ကား​သင်​အံ​တု​သည့်​ဣ​သ​ရေ လ​စစ်​သည်​တော်​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​သော အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော် နှင့်​လာ​၏။-

46. ယ​နေ့​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား ငါ​၏​လက်​တွင်​အပ်​နှင်း​တော်​မူ​လိမ့်​မည်။ ငါ သည်​သင့်​ကို​နှိမ်​နင်း​၍​သင်​၏​ဦး​ခေါင်း​ကို ဖြတ်​ပစ်​မည်။ ဖိ​လိတ္တိ​တပ်​သား​တို့​၏​အ​သေ ကောင်​များ​ကို​ငှက်​များ၊ သား​ရဲ​တိရစ္ဆာန်​များ ၏​အ​စာ​ဖြစ်​စေ​မည်။ ထို​အ​ခါ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​တွင် ဘု​ရား​ရှိ​တော်​မူ​ကြောင်း တစ်​ကမ္ဘာ​လုံး​သိ​ကြ​လိမ့်​မည်။-

47. ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​ကယ် တင်​ရန်​အ​တွက် ဋ္ဌား၊ လှံ​လက်​နက်​များ​ကို​အ​သုံး ပြု​တော်​မူ​ရန်​မ​လို​ကြောင်း​ကို​လည်း ဤ​အ​ရပ် တွင်​ရှိ​သ​မျှ​သော​လူ​တို့​တွေ့​မြင်​ရ​ကြ​လိမ့် မည်။ ကိုယ်​တော်​သည်​စစ်​မက်​ရေး​ရာ​ကို​ပိုင် တော်​မူ​သ​ဖြင့် သင်​တို့​အား​လုံး​ကို​ငါ​တို့ လက်​သို့​အပ်​နှင်း​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။

48. ဂေါ​လျတ်​သည် ဒါ​ဝိဒ်​ရှိ​ရာ​သို့​တစ်​ဖန်​ချဉ်း​ကပ် လာ​၏။ ဒါ​ဝိဒ်​သည်​သူ​နှင့်​စစ်​ထိုး​ရန်​ဖိ​လိတ္တိ တပ်​ဦး​သို့​အ​လျင်​အ​မြန်​ပြေး​၍၊-

49. မိ​မိ​လွယ်​အိတ်​မှ​ကျောက်​ခဲ​တစ်​လုံး​ကို​နှိုက်​ယူ ပြီး​လျှင် လောက်​လွှဲ​နှင့်​ဂေါ​လျတ်​အား​ပစ်​လိုက်​၏။ ကျောက်​ခဲ​သည်​ဂေါ​လျတ်​၏​န​ဖူး​ကို​ထိ​မှန်​၍ န​ဖူး​ပေါက်​သ​ဖြင့်​ဂေါ​လျတ်​သည်​မြေ​ပေါ်​သို့ ငိုက်​စိုက်​လဲ​ကျ​သွား​တော့​၏။-

၁ ရာ 17