1-2. တစ်နေ့သ၌ယောနသန်သည် မိမိ၏လက် နက်ကိုသယ်ဆောင်သူလူငယ်အား``ဖိလိတ္တိ တပ်စခန်းသို့ငါတို့ဝင်ရောက်ကြအံ့'' ဟု ဆို၏။ ယင်းသို့ဆိုသော်လည်းဂိဗာမြို့နှင့် မလှမ်းမကမ်းရှိမိဂြုန်ရွာ၊ သလဲပင်အောက် တွင်စခန်းချလျက်နေသောခမည်းတော် ထံမှခွင့်ပန်ခြင်းမပြုခဲ့။ မင်းကြီး၏ထံ တွင်လူခြောက်ရာခန့်ရှိသတည်း။-
3. (သင်တိုင်းကိုဝတ်ဆင်သောယဇ်ပုရောဟိတ် မှာအဟိယဖြစ်သည်။ သူ၏အဖကား ဣခဗုဒ်၏အစ်ကိုအဟိတုပ်ဖြစ်သည်။ အဟိတုပ်သည်ဖိနဟတ်၏သားဖြစ်၏။ ရှိလောမြို့၊ ထာဝရဘုရား၏ယဇ်ပုရော ဟိတ်ဧလိ၏မြေးဖြစ်၏။) စစ်သည်တပ်သား တို့သည်ယောနသန်ထွက်ခွာသွားသည်ကို မသိကြ။