11. ဟန္နက``အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ကျွန်မကိုရှုမြင်တော်မူပါ။ ကိုယ်တော်ရှင်ကျွန်မ၏ဒုက္ခကိုရှုမှတ်တော် မူလျက်အောက်မေ့သတိရတော်မူပါ။ မေ့ လျော့တော်မမူပါနှင့်။ ကိုယ်တော်ရှင်သည် ကိုယ်တော်၏ကျွန်မအားသားဆုကိုပေး တော်မူလျှင် သူ့ကိုအသက်ရှင်သမျှကာလ ပတ်လုံးကိုယ်တော်ရှင်အားဆက်ကပ်ပူဇော် ပါမည်။ သူ၏ဆံပင်ကိုလည်းအဘယ် အခါ၌မျှမဖြတ်မရိတ်စေပါ'' ဟုကျိန်ဆိုကတိပြုလေ၏။
12. ဟန္နသည်အချိန်ကြာမြင့်စွာဆိတ်ဆိတ်ဆု တောင်းပတ္ထနာပြု၏။ ဧလိသည်သူ၏နှုတ် ကိုကြည့်ရှုလျက်နေ၏။-
13. ဟန္နသည်ဆိတ်ဆိတ်ဆုတောင်းပတ္ထနာပြု၍နေ သဖြင့် သူ၏နှုတ်ခမ်းတို့သည်လှုပ်ရှားလျက်ရှိ သော်လည်းအသံကားမထွက်။ သို့ဖြစ်၍သူ့ အားအရက်မူးသည်ဟုထင်မှတ်သဖြင့်၊-
14. ဧလိက``သင်သည်အဘယ်မျှကြာအရက်မူး လျက်နေပါသနည်း။ အရက်ကိုကြဉ်ရှောင် လော့'' ဟုဆို၏။
15. ဟန္နက``အရှင်၊ ကျွန်မသည်အရက်မမူးပါ။ အရက်မသောက်ပါ။ ကျွန်မသည်အလွန်ပင် စိတ်ပျက်၍ မိမိ၏ဆင်းရဲဒုက္ခကိုရင်ဖွင့်ကာ ထာဝရဘုရားထံတွင်ဆုတောင်းပတ္ထနာ ပြုလျက်နေခဲ့ပါ၏။-
16. ကျွန်မအားတန်ဖိုးမရှိသည့်မိန်းမဟုမထင် မှတ်ပါနှင့်။ ကျွန်မသည်အလွန်စိတ်မချမ်းမသာ ဖြစ်သဖြင့် ဤသို့ဆုတောင်းပတ္ထနာပြုလျက်နေ ခြင်းဖြစ်ပါ၏'' ဟုပြန်၍လျှောက်၏။
17. ဧလိက``စိတ်ချမ်းသာစွာသွားပါလော့။ ဣသရေလ အမျိုးသားတို့ကိုးကွယ်သောထာဝရဘုရားသည် သင်တောင်းလျှောက်သည်အတိုင်းပေးသနားတော် မူပါစေသော'' ဟုဆို၏။
18. ဟန္နကလည်း``ကျွန်မသည်အရှင်ပေးသည့်ကောင်း ချီးမင်္ဂလာကိုခံရပါစေသော'' ဟုလျှောက်လေ၏။ ထိုနောက်သူသည်စိတ်သက်သာမှုရလျက်ထွက် ခွာသွားပြီးလျှင် အစားအစာအနည်းငယ်ကို စားလေ၏။
19. နောက်တစ်နေ့၌ဧလကာနနှင့်အိမ်ထောင်စုသား တို့သည် နံနက်စောစောထ၍ဘုရားသခင်အား ကိုးကွယ်ဝတ်ပြုကြ၏။ ထိုနောက်ရာမမြို့နေအိမ် သို့ပြန်ကြ၏။ ဧလကာနသည်သူ၏ဇနီးဟန္န နှင့်ဆက်ဆံလေ၏။ ဘုရားသခင်သည်ဟန္န၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူသဖြင့်၊-
20. ဟန္နသည်ကိုယ်ဝန်ဆောင်၍သားယောကျာ်းကိုဖွား မြင်လေသည်။ သူက``ငါသည်ထာဝရဘုရား အားတောင်းခံသဖြင့်ဤသားကိုရ၏'' ဟုဆို ပြီးလျှင်ရှမွေလဟုနာမည်မှည့်လေသည်။