19. ဘုရားသခင်သည်ငါတို့အားရှေးဦးစွာချစ် တော်မူသောကြောင့်ငါတို့သည်ကိုယ်တော်ကို ချစ်ကြ၏။-
20. ဘုရားသခင်ကိုချစ်ပါသည်ဟုဆိုလျက် ညီအစ်ကိုကိုမုန်းသောသူသည်လူလိမ်ဖြစ် ၏။ အဘယ်ကြောင့်ဆိုသော်မျက်စိဖြင့်မြင်ရသူ ညီအစ်ကိုကိုမချစ်နိုင်သောသူသည် မျက်စိ ဖြင့်မမြင်ရသည့်ဘုရားသခင်ကိုချစ်နိုင် မည်မဟုတ်သောကြောင့်တည်း။-
21. ငါတို့အားခရစ်တော်ပေးတော်မူသောပညတ် တော်ကား``ဘုရားသခင်ကိုချစ်သောသူသည် ညီအစ်ကိုကိုလည်းချစ်ရမည်'' ဟူ၍ဖြစ် သတည်း။