1. ငါ၏သားသမီးတို့၊ သင်တို့သည်အပြစ် မကူးကြစေရန်ဤစာကိုငါရေးလိုက်၏။ သို့ရာတွင်အကယ်၍တစ်စုံတစ်ယောက်သော သူသည်အပြစ်ကူးမိပါမူ ခမည်းတော် ထံတွင်ငါတို့အတွက်အသနားခံသည့်ဖြောင့် မတ်တော်မူသောအရှင်ယေရှုခရစ်ရှိပေ သည်။-
2. ကိုယ်တော်သည်ငါတို့၏အပြစ်များသာမက ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၏အြုပစ်ပြေ ရာပြေကြောင်းပူဇော်ဆက်ကပ်တော်မူသော အရှင်ဖြစ်တော်မူ၏။
3. ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်း မှသာလျှင်ငါတို့သည်ကိုယ်တော်ကိုသိကျွမ်း သူများဖြစ်ကြောင်းအသေအချာသိရှိ နိုင်မည်။-
4. ကိုယ်တော်ကိုသိပါသည်ဟုဆိုပြီးလျှင် ပညတ်တော်တို့ကိုမစောင့်ထိန်းသူသည် လူလိမ်ဖြစ်၍ထိုသူ၌သစ္စာတရားမရှိ။-
7. ချစ်ဆွေတို့၊ သင်တို့ထံသို့ငါစာရေးသား ဖော်ပြနေသည့်ပညတ်သည်အသစ်မဟုတ်။ အစမူလကတည်းကသင်တို့ရရှိထား ကြသည့်ပညတ်ဟောင်းဖြစ်၏။ ထိုပညတ် ဟောင်းကား သင်တို့ကြားနာခဲ့ရသည့် တရားတော်ပင်ဖြစ်ပေသည်။-
8. သို့သော်သင်တို့အားယခုငါရေးသား ဖော်ပြသည့်ပညတ်သည်အသစ်ဖြစ်၏။ ယင်း သို့အမှန်ပင်အသစ်ဖြစ်ကြောင်းခရစ်တော် ၌လည်းကောင်း၊ သင်တို့၌လည်းကောင်းဖော်ပြ လျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော်အမှောင် သည်ရွေ့လျားလျက်အလင်းစစ်အလင်းမှန် ပေါ်ထွန်းလာပြီဖြစ်သောကြောင့်တည်း။
9. အလင်းတွင်ကျင်လည်ပါသည်ဟုဆိုလျက် မိမိ၏ညီအစ်ကိုကိုမုန်းသောသူသည် ယခု တိုင်အောင်အမှောင်တွင်ကျင်လည်နေသေးသူ ဖြစ်၏။-
10. ညီအစ်ကိုကိုချစ်သောသူသည်အလင်းတွင် ကျင်လည်သောသူဖြစ်၏။ သူသည်အဘယ်သို့ မျှသူတစ်ပါးတို့အားအပြစ်ကူးလွန်စေ လိမ့်မည်မဟုတ်။-
11. သို့ရာတွင်ညီအစ်ကိုကိုမုန်းသောသူသည် ကားအမှောင်တွင်ကျင်လည်သူဖြစ်၏။ အမှောင် တွင်ကျင်လည်၍မျက်စိမမြင်နိုင်သဖြင့်သူ သည်မိမိအဘယ်အရပ်သို့သွားသည်ကိုမသိ။
12. သားသမီးတို့၊ သင်တို့သည်ခရစ်တော်အတွက် ကြောင့်အပြစ်လွတ်ပြီဖြစ်၍သင်တို့ထံငါ စာရေးလိုက်၏။-