၁ ပေ 1:14-17 Common Language Bible (BCL)

14. ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား​ထောင်​၍​မ​သိ နား​မ​လည်​စဉ်​အ​ခါ​က မိ​မိ​တို့​၏​စိတ်​ဆန္ဒ ရှိ​သည့်​အ​လျောက်​ပြု​ကျင့်​သ​ကဲ့​သို့​ဆက် လက်​မ​ပြု​ကျင့်​ကြ​နှင့်။-

15. သင်​တို့​အား​ရွေး​ကောက်​တော်​မူ​သော​အ​ရှင် သည်​မြင့်​မြတ်​သန့်​ရှင်း​တော်​မူ​၏။ သို့​ဖြစ်​၍ သင်​တို့​ပြု​ကျင့်​သ​မျှ​တို့​သည်​မြင့်​မြတ် သန့်​ရှင်း​ရ​မည်။-

16. ``ငါ​သည်​မြင့်​မြတ်​သန့်​ရှင်း​သည်​ဖြစ်​၍​သင် တို့​သည်​လည်း​မြင့်​မြတ်​သန့်​ရှင်း​ရ​မည်'' ဟူ သော​ကျမ်း​စ​ကား​ကို​အောက်​မေ့​ကြ​လော့။

17. ထို့​အ​ပြင်​လူ​ခပ်​သိမ်း​တို့​အား​မျက်​နှာ​ကြီး ငယ်​မ​လိုက်​ဘဲ​သူ​တို့​၏​အ​ကျင့်​အ​လျောက် တ​ရား​စီ​ရင်​တော်​မူ​တတ်​သော​ဘု​ရား​သ​ခင် ထံ​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ သင် တို့​သည်​ကိုယ်​တော်​အား​အ​ဖ​ဟု​ခေါ်​လျက် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​၏။ သို့​ဖြစ်​၍​ဤ လော​က​တွင်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ် လုံး​ထို​အ​ရှင်​အား​ကြောက်​ရွံ့​ရို​သေ​ကြ လော့။-

၁ ပေ 1