10. ငါတို့အတွက်အကယ်ပင်မိန့်တော်မူခြင်း မဟုတ်လော။ အကယ်ပင်ငါတို့အတွက်ရေး သားထားခြင်းဖြစ်သည်။ လယ်ထွန်သောသူ နှင့်ရိတ်သိမ်းသောသူတို့သည် မိမိတို့၏ဝေ စုကိုမျှော်လင့်လျက်လုပ်ကိုင်ကြရာ၏။-
11. ငါတို့သည်သင်တို့၌ဋ္ဌမ္မမျိုးစေ့ကိုစိုက်ပျိုး ခဲ့ပြီးနောက် သင်တို့ထံမှရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများကိုရိတ်သိမ်းကြလျှင် ငါတို့လွန်ရာကျမည်လော။-
12. သင်တို့ထံမှအခြားသူတို့သည်ဤသို့ရ ပိုင်ခွင့်ရှိလျှင် ငါတို့သည်ပို၍ပင်ရပိုင်ခွင့် ရှိသည်မဟုတ်လော။သို့သော်ငါတို့သည်ထိုအခွင့်အရေးကို မယူခဲ့ကြ။ ခရစ်တော်အကြောင်းသတင်း ကောင်းပျံ့နှံ့ရေးအတွက် အဆီးအတား မဖြစ်စေရန်တွေ့ကြုံရသောအခက်အခဲ ရှိသမျှကိုရင်ဆိုင်သည်းခံခဲ့ကြ၏။-
13. ဗိမာန်တော်တွင်အမှုထမ်းဆောင်သူများသည် ဗိမာန်တော်မှအစားအစာကိုရကြသည် ကိုလည်းကောင်း၊ ယဇ်ပူဇော်သူများသည်လည်း ယဇ်ကောင်မှဝေစုကိုရကြသည်ကိုလည်း ကောင်းသင်တို့မသိကြပါသလော။-
14. ထိုနည်းတူစွာသတင်းကောင်းကိုဟောပြော ကြေညာသူတို့သည်လည်း သတင်းကောင်း အားဖြင့်အသက်မွေးရမည်ဟူ၍သခင် ဘုရားမိန့်မှာတော်မူခဲ့၏။
15. သို့ရာတွင်ငါသည်ထိုအခွင့်အရေးတစ်စုံ တစ်ရာကိုမျှမယူခဲ့။ ထိုကဲ့သို့သောအခွင့် ရေးများကိုတောင်းဆိုလိုသောကြောင့် ဤစာ ကိုရေးလိုက်ခြင်းလည်းမဟုတ်။ ဤသို့တောင်း ဆိုရခြင်းထက်သေရခြင်းကပို၍ကောင်း၏။-
16. ငါ၏ဝါကြွားမှုကိုအချည်းနှီးဖြစ်စေရန် ပြုလုပ်ခွင့်ကိုမည်သူအားမျှပေးလိမ့်မည် မဟုတ်။ သတင်းကောင်းကိုကြေညာရသည့် အတွက် ငါ့မှာဝါကြွားနိုင်ခွင့်မရှိ။ ငါသည် အမိန့်တော်အရကြေညာခြင်းဖြစ်သည်။ အကယ်၍ထိုသတင်းကောင်းကိုမကြေ ညာလျှင် ငါသည်အဘယ်မျှအမင်္ဂလာ ရှိလိမ့်မည်နည်း။-