1. မယုံကြည်သူများပင်လျှင်ပြုကျင့်ကြမည် မဟုတ်သည့်ကာမဂုဏ်လိုက်စားမှု သင်တို့တွင် ရှိနေကြောင်းကိုငါကြားသိရ၏။ လူတစ် ယောက်သည်မိမိ၏မိထွေးနှင့်ပေါင်းသင်းနေ ထိုင်လျက်ရှိသည်ဟုငါကြားသိရ၏။-
2. သို့ဖြစ်၍သင်တို့သည်အဘယ်သို့ကြွားဝါ နိုင်သနည်း။ သင်တို့သည်ဝမ်းနည်းပူဆွေးသင့် ကြ၏။ ထိုအမှုကိုကူးလွန်သူအားသင် တို့အထဲမှနှင်ထုတ်သင့်သည်။-
12-13. အသင်းတော်ဝင်မဟုတ်သူတို့ကိုစစ်ကြော စီရင်ရန်မှာ ငါ၏အလုပ်မဟုတ်။ ထိုသူတို့ ကိုဘုရားသခင်စစ်ကြောစီရင်တော်မူ လိမ့်မည်။ သို့ရာတွင်သင်တို့သည်မိမိတို့ ၏အသင်းတော်ဝင်တို့ကိုစစ်ကြောစီရင် သင့်ကြသည်မဟုတ်ပါလော။ ကျမ်းစာ တော်ကဖော်ပြသည်အတိုင်း ``သင်တို့ အထဲမှဆိုးညစ်သောသူကိုပယ်ရှား ကြလော့။''