၁ ကော 4:11-15 Common Language Bible (BCL)

11. ယ​ခု​အ​ချိန်​အ​ထိ​ငါ​တို့​သည်​အ​စာ​ရေ စာ​ငတ်​မွတ်​လျက်​ရှိ​ကြ​၏။ အ​ဝတ်​အ​စား နွမ်း​ပါး​ကြ​၏။ ရိုက်​ပုတ်​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ကြ​ရ​၏။ အိမ်​ခြေ​ရာ​ခြေ​မဲ့​လှည့်​လည် ကြ​ရ​၏။-

12. လက်​ဖြင့်​ပင်​ပန်း​ကြီး​စွာ​လုပ်​ဆောင်​ကြ​ရ​၏။ ငါ​တို့​သည်​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ ကောင်း​ချီး​ပေး​ကြ​၏။ ညှင်း​ဆဲ​ခြင်း​ခံ​ရ​သော အ​ခါ​သည်း​ခံ​ကြ​၏။-

13. စော်​ကား​ခြင်း​ကို​ခံ​ရ​သော​အ​ခါ​မေတ္တာ​ပို့ ကြ​၏။ ငါ​တို့​ကား​ယ​ခု​တိုင်​အောင်​လော​က ၏​အ​ညစ်​အ​ကြေး၊ လူ​တ​ကာ​စွန့်​ပစ်​သည့် အ​မှိုက်​ကဲ့​သို့​ဖြစ်​ကြ​၏။

14. ဤ​သို့​ရေး​ရ​ခြင်း​အ​ကြောင်း​မှာ​သင်​တို့​အား အ​ရှက်​ခွဲ​လို​၍​မ​ဟုတ်။ ငါ​ချစ်​သော​သား​သ​မီး များ​အ​နေ​ဖြင့်​သင်​တို့​အား​သွန်​သင်​လို​၍ ဖြစ်​၏။-

15. သင်​တို့​သည်​ခ​ရစ်​တော်​ကို​လက်​ခံ​ပြီး​နောက် သင်​တို့​အား​သွန်​သင်​မည့်​ဆ​ရာ​ထောင်​ပေါင်း များ​စွာ​ရှိ​သော်​လည်း ဖ​ခင်​ကား​တစ်​ဦး​တည်း သာ​ရှိ​ပေ​သည်။ ငါ​သည်​သ​တင်း​ကောင်း​ကို ကြေ​ညာ​ခြင်း​အား​ဖြင့် သင်​တို့​အား​ခ​ရစ်​တော် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​သည့်​မွေး သ​ဖ​ခင်​ဖြစ်​လာ​၏။-

၁ ကော 4