၁ ကော 16:15-16-24 Common Language Bible (BCL)

2. ငါ​ရောက်​ရှိ​လာ​သော​အ​ခါ​အ​လှူ​ငွေ​ကောက်​ခံ​ဖို့ မ​လို​စေ​ရန် တ​နင်္ဂ​နွေ​နေ့​တိုင်း​သင်​တို့​တစ်​ဦး​စီ သည် မိ​မိ​၏​ဝင်​ငွေ​နည်း​များ​အ​လိုက်​လှူ​ဒါန်း​ရန် စု​ဆောင်း​ထား​ကြ​လော့။-

3. ငါ​ရောက်​ရှိ​လာ​သော​အ​ခါ​အ​မှာ​စာ​ရေး​၍ သင်​တို့​ရွေး​ချယ်​သူ​များ​အား ထို​အ​လှူ​ငွေ​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ယူ​ဆောင်​သွား​စေ​မည်။-

4. အ​ကယ်​၍​ငါ​သွား​ရန်​လို​အပ်​ပါ​လျှင် ထို​သူ တို့​သည်​ငါ​နှင့်​အ​တူ​လိုက်​ပါ​နိုင်​ပါ​သည်။

5. ငါ​သည်​မာ​ကေ​ဒေါ​နိ​ပြည်​လမ်း​မှ​လာ​မည်​ဖြစ် ၍ မာ​ကေ​ဒေါ​နိ​ပြည်​တစ်​လျှောက်​ခ​ရီး​ပြု​ပြီး သော​အ​ခါ​သင်​တို့​ထံ​သို့​လာ​ခဲ့​မည်။-

6. သင်​တို့​နှင့်​အ​တူ​အ​တန်​ကြာ​နေ​နိုင်​မည်​ထင် ပါ​သည်။ ဆောင်း​ရာ​သီ​တစ်​ချိန်​လုံး​ပင်​သင်​တို့ နှင့်​အ​တူ​နေ​ကောင်း​နေ​ပါ​မည်။ ထို​နောက်​ငါ သွား​လို​ရာ​အ​ရပ်​သို့​သွား​နိုင်​ရန်​သင်​တို့ ကူ​ညီ​နိုင်​လိမ့်​မည်​ဟု​မျှော်​လင့်​ပါ​သည်။-

7. ငါ​သည်​သင်​တို့​ထံ​တွင်​ခေတ္တ​တည်း​ခို​ရုံ​မျှ​သာ မ​လာ​လို​ပါ။ သ​ခင်​ဘု​ရား​ခွင့်​ပြု​တော်​မူ​ပါ လျှင်​အ​တန်​ကြာ​သင်​တို့​နှင့်​နေ​လို​ပါ​သည်။

8. ပင်​တေ​ကုတ္တေ​ပွဲ​နေ့​အ​ထိ​ဧ​ဖက်​မြို့​တွင်​ငါ​နေ ပါ​မည်။

9. ထို​မြို့​တွင်​ငါ့​ကို​ဆန့်​ကျင်​ဖက်​ပြု​သူ​များ​ပင်​ရှိ သော်​လည်း အ​မှု​တော်​ဆောင်​ရန်​အ​ခွင့်​ကောင်း အ​မှန်​ပင်​ရှိ​၏။

15-16. သင်​တို့​သည်​သ​တေ​ဖန်​နှင့်​သူ​၏​အိမ်​သား​များ​ကို သိ​ကြ​၏။ သူ​တို့​သည်​ဂ​ရိ​ပြည်​မှ​ခ​ရစ်​ယာန်​ဦး များ​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား ကူ​ညီ​မ​စ​ရန်​မိ​မိ​တို့​ကိုယ်​ကို​ဆက်​ကပ်​ထား​သူ များ​ဖြစ်​ပေ​သည်။ ညီ​အစ်​ကို​တို့၊ ထို​သို့​သော​သူ​တို့ ၏​ခေါင်း​ဆောင်​မှု​ကို​လည်း​ကောင်း၊ သူ​တို့​နှင့်​အ​တူ အ​မှု​တော်​ကို​ကြိုး​စား​၍​ပါ​ဝင်​ဆောင်​ရွက်​ကြ သော​သူ​တို့​၏​ခေါင်း​ဆောင်​မှု​ကို​လည်း​ကောင်း လက်​ခံ​ကြ​ရန်​သင်​တို့​အား​ငါ​မေတ္တာ​ရပ်​ခံ ပါ​၏။

17. သ​တေ​ဖန်၊ ဖော်​တု​နက်​နှင့်​အ​ခါ​ယ​ကု​တို့​ရောက် ရှိ​လာ​ကြ​သြဖင့်​ငါ​ဝမ်း​မြောက်​၏။ သူ​တို့​သည် သင်​တို့​၏​ကိုယ်​စား​ငါ့​အား​ပြု​စု​ပေး​ကြ​၏။-

18. သူ​တို့​သည်​သင်​တို့​၏​စိတ်​ကို​ရွှင်​လန်း​စေ​သ​ကဲ့​သို့ ငါ​၏​စိတ်​ကို​လည်း​ရွှင်​လန်း​စေ​၏။ ထို​သို့​သော​သူ တို့​သည်​အ​သိ​အ​မှတ်​ပြု​ခြင်း​ကို​ခံ​ထိုက်​ကြ​၏။

19. အာ​ရှ​ပြည်​အ​သင်း​တော်​များ​က​သင်​တို့​အား နှုတ်​ဆက်​ကြ​၏။ အာ​ကု​လ၊ ပြစ်​ကိ​လ​နှင့်​သူ​တို့ အိမ်​တွင်​ဝတ်​ပြု​ကိုး​ကွယ်​ကြ​သည့်​အ​သင်း​ဝင် များ​က​လည်း သ​ခင်​ဘု​ရား​၏​နာ​မ​တော်​နှင့် နှုတ်​ဆက်​ကြ​၏။-

20. ဤ​အ​ရပ်​တွင်​ရှိ​သည့်​ညီ​အစ်​ကို​အ​ပေါင်း​က​လည်း သင်​တို့​ကို​နှုတ်​ဆက်​ကြ​၏။ သင်​တို့​အ​ချင်း​ချင်း သန့်​ရှင်း​သော​နမ်း​ခြင်း​ဖြင့်​နှုတ်​ဆက်​ကြ​လော့။

21. ``မေတ္တာ​ဖြင့်​ပေါ​လု'' ဟူ​၍​ဤ​စာ​ကို​ငါ​ကိုယ်​တိုင် လက်​မှတ်​ရေး​ထိုး​လိုက်​ပါ​၏။-

22. မည်​သူ​မ​ဆို​သ​ခင်​ဘု​ရား​ကို​မ​ချစ်​ပါ​မူ ကျိန်​စာ​သင့်​ပါ​စေ​သ​တည်း။ သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​ပါ။-

23. အ​ရှင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​သည်​သင်​တို့ အ​ပေါ်​သို့​သက်​ရောက်​ပါ​စေ​သ​တည်း။-

24. ငါ​သည်​ခ​ရစ်​တော်​ယေ​ရှု​တ​ပည့်​ဖြစ်​သူ သင် တို့​အ​ပေါင်း​အား​မေတ္တာ​ပို့​သ​လိုက်​ပါ​၏။ ကော​ရိန္သု​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စာ​စောင်​ပြီး​၏။

၁ ကော 16