၁ ကော 15:44-47 Common Language Bible (BCL)

44. မြှုပ်​နှံ​ခြင်း​ခံ​ရ​သော​အ​ခါ​ကာ​ယ​ခန္ဓာ​ဖြစ် ၏။ ရှင်​ပြန်​ထ​မြောက်​သော​အ​ခါ​၌​ဝိ​ညာ​ဏ ခန္ဓာ​ဖြစ်​လိမ့်​မည်။ ရုပ်​ခန္ဓာ​ရှိ​သ​ဖြင့်​ဝိ​ညာ​ဏ ခန္ဓာ​လည်း​ရှိ​ရ​ပေ​သည်။-

45. ကျမ်း​စာ​တော်​တွင် ``ပ​ထ​မ​လူ​အာ​ဒံ​သည် အ​သက်​ရှင်​သော​သတ္တ​ဝါ​ဖြစ်​လာ​၏'' ဟု​ဖော် ပြ​၏။ နောက်​ဆုံး​ဖြစ်​သော​အာ​ဒံ​သည်​ကား အ​သက်​ရှင်​စေ​တတ်​သော​ဝိ​ညာဉ်​ဖြစ်​၏။-

46. ဝိ​ညာ​ဏ​ခန္ဓာ​သည်​ပ​ထ​မ​ဖြစ်​ပေါ်​သည် မ​ဟုတ်။ ရုပ်​ခန္ဓာ​ဖြစ်​ပေါ်​ပြီး​မှ​ဝိ​ညာ​ဏ​ခန္ဓာ ဖြစ်​ပေါ်​လာ​၏။-

47. ပ​ထ​မ​လူ​အာ​ဒံ​သည်​မြေ​မှုန့်​မှ​ဖန်​ဆင်း​ထား​သူ ဖြစ်​၏။ ဒု​တိ​ယ​လူ​မူ​ကား​ကောင်း​ကင်​ဘုံ​မှ​လာ သူ​တည်း။-

၁ ကော 15