၁ ကော 15:29-35 Common Language Bible (BCL)

29. သေ​လွန်​သူ​တို့​ကိုယ်​စား​ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​သူ တို့​သည် အ​ဘယ်​အ​ကျိုး​အ​တွက်​ယင်း​သို့​ပြု ကြ​သ​နည်း။ သေ​လွန်​သူ​တို့​ရှင်​ပြန်​ထ​မြောက် မှု​မ​ရှိ​ဟု​အ​ချို့​က​ပြော​ဆို​သည်​အ​တိုင်း​မှန် လျှင် ထို​သူ​တို့​သည်​သေ​သူ​တို့​၏​ကိုယ်​စား အ​ဘယ်​ကြောင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ကြ​သ​နည်း။-

30. အ​ဘယ်​ကြောင့်​ငါ​တို့​ကိုယ်​တိုင်​ပင်​ဘေး​အန္တ​ရာယ် နှင့်​နာ​ရီ​မ​လပ်​ရင်​ဆိုင်​လျက်​နေ​ရ​ကြ​သ​နည်း။-

31. ညီ​အစ်​ကို​တို့၊ ငါ​သည်​သေ​ဘေး​နှင့်​နေ့​တိုင်း​ရင် ဆိုင်​ရ​၏။ ငါ​သည်​သင်​တို့​အ​တွက်​ဂုဏ်​ယူ​ဝါ ကြွား​သ​ဖြင့်​လည်း​ကောင်း၊ ငါ​သည်​သင်​တို့​နှင့် အ​တူ​ငါ​တို့​အ​ရှင်​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​သ​ဖြင့်​လည်း​ကောင်း​ဤ သို့​ပြော​ဆို​ရ​ခြင်း​ဖြစ်​၏။-

32. အ​ကယ်​၍​ငါ​သည်​ဧဖက်​မြို့​တွင် ``သား​ရဲ တိ​ရစ္ဆာန်'' တို့​နှင့်​တိုက်​ခိုက်​ခဲ့​ပါ​မူ​လူ​အ​မြင် ဖြင့်​ငါ့​အ​ဖို့​အ​ဘယ်​အ​ကျိုး​ရှိ​မည်​နည်း။ သေ​လွန်​သူ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ ပါ​က ``နက်​ဖြန်​သေ​ကြ​မည်​ဖြစ်​၍​ငါ​တို့ သည်​စား​ကြ၊ သောက်​ကြ၊ ပျော်​ပါး​ကြ​ကုန် အံ့'' ဟု​ဆို​သည့်​အ​တိုင်း​ပြု​ကြ​စို့။

33. သင်​တို့​အ​ယူ​အ​ဆ​မ​မှား​ကြ​နှင့်။ ``အ​ပေါင်း အ​သင်း​မ​ကောင်း​လျှင်​လူ​ကောင်း​ပျက်​စီး​တတ် ၏။-''

34. အ​မြင်​မှန်​ရ​ကြ​လော့။ ဆက်​လက်​၍​အ​ပြစ် မ​ကူး​ကြ​နှင့်။ သင်​တို့​တွင်​အ​ချို့​သော​သူ​တို့ သည်​ဘု​ရား​သ​ခင်​ကို​မ​သိ​ကြ။ ဤ​သို့​ငါ ဆို​ရာ​၌​သင်​တို့​အ​ရှက်​ရ​စေ​ရန်​အ​တွက် ဖြစ်​၏။

35. လူ​တစ်​စုံ​တစ်​ယောက်​က ``သေ​လွန်​သူ​တို့​သည် အ​ဘယ်​သို့​ရှင်​ပြန်​ထ​မြောက်​ကြ​မည်​နည်း'' ဟု​မေး​သည်​ဆို​အံ့။-

၁ ကော 15