၁ ကော 14:29-33 Common Language Bible (BCL)

29. ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​နှစ်​ယောက်​သုံး ယောက်​က​ဟော​ပြော​၍ ကျန်​သော​သူ​တို့​က​ထို သူ​တို့​၏​ဟော​ပြော​ချက်​များ​ကို​ဆင်​ခြင် သုံး​သပ်​ကြ​စေ။-

30. သို့​ရာ​တွင်​အ​ကယ်​၍​လူ​တစ်​ယောက်​ဟော​ပြော နေ​စဉ်​ထိုင်​နေ​သူ​များ​အ​ထဲ​မှ​တစ်​ယောက် သည် ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ ရ​ရှိ​ပါ​က​ဟော​ပြော​နေ​သော​သူ​သည်​ရပ်​နား စေ။-

31. ပ​ရိ​သတ်​အ​ပေါင်း​သည်​သွန်​သင်​မှု​ယူ​၍​အား တက်​လာ​ကြ​စေ​ရန် သင်​တို့​အား​လုံး​ပင်​အ​လှည့် ကျ​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​ဟော ပြော​နိုင်​၏။-

32. ဗျာ​ဒိတ်​တော်​ကို​ဟော​ပြော​နိုင်​သော​ဆု​ကျေး​ဇူး ကို​အ​သုံး​ပြု​ရာ​၌​ဟော​ပြော​သူ​သည်​မိ​မိ ကိုယ်​ကို​ထိန်း​ချုပ်​ရ​မည်။-

33. အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည် စည်း​မဲ့​ကမ်း​မဲ့​ပြု​မူ​ခြင်း​ကို​လို​လား​တော် မ​မူ။ ငြိမ်​ဝပ်​ပိ​ပြား​မှု​ကို​လို​လား​တော်​မူ သော​ကြောင့်​ဖြစ်​သည်။ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​အ​ပေါင်း​တို့​တွင် ကျင့်​သုံး​သည့်​မူ​အ​တိုင်း၊-

၁ ကော 14