27. သို့ဖြစ်၍မရိုမသေဘဲသခင်ဘုရား၏မုန့် ကိုစား၍ ကိုယ်တော်၏ခွက်ဖလားမှစပျစ် ရည်ကိုသောက်သောသူမည်သည်ကား သခင် ဘုရား၏ကိုယ်ခန္ဓာတော်နှင့်သွေးတော်ကို ပြစ်မှားရာရောက်၏။-
28. ထို့ကြောင့်လူတိုင်းမိမိကိုယ်ကိုစစ်ဆေးပြီးမှ မုန့်ကိုစား၍ ခွက်ဖလားမှစပျစ်ရည်ကိုသောက် စေ။-
29. မုန့်ကိုစား၍ခွက်ဖလားမှစပျစ်ရည်ကို သောက်သောအခါ သခင်ဘုရား၏ကိုယ်ခန္ဓာ အနက်အဋ္ဌိပ္ပါယ်ကိုမသိနားမလည်သော သူသည် မိမိအပေါ်အပြစ်ဒဏ်ကျရောက် စေရန်စားသောက်သူဖြစ်၏။-
30. ထိုအကြောင်းကြောင့်သင်တို့အထဲတွင်အားအင် ချည့်နဲ့သူနှင့်မကျန်းမမာသူအမြောက်အမြား ရှိပေသည်။ သေသောသူအချို့လည်းရှိ၏။-
31. ငါတို့သည်မိမိတို့ကိုယ်ကိုပထမဦးစွာစစ် ဆေးကြမည်ဆိုပါမူ ဤသို့ဘုရားသခင်၏ စီရင်တော်မူခြင်းကိုခံရကြလိမ့်မည်မဟုတ်။-