၁ ကော 11:2-16 Common Language Bible (BCL)

2. သင်​တို့​သည်​ငါ့​ကို​အ​စဉ်​အောက်​မေ့​သ​တိ​ရ​၍ ငါ​ပေး​အပ်​ခဲ့​သည့်​သွန်​သင်​ချက်​အ​တိုင်း​လိုက် နာ​ပြု​ကျင့်​ကြ​သော​ကြောင့်​သင်​တို့​အား​ငါ ချီး​ကူး​၏။-

3. သို့​သော်​ခ​ရစ်​တော်​သည်​ယောကျာ်း​တိုင်း​၏​အ​ထွတ် အ​ထိပ်၊ ယောကျာ်း​သည်​မိန်း​မ​၏​အ​ထွတ်​အ​ထိပ်၊ ဘု​ရား​သ​ခင်​သည်​ခ​ရစ်​တော်​၏​အ​ထွတ်​အ​ထိပ် ဖြစ်​ကြောင်း​ကို​သင်​တို့​အား​သိ​စေ​လို​၏။-

4. သို့​ဖြစ်​၍​ယောကျာ်း​သည်​ဝတ်​ပြု​အ​စည်း​အ​ဝေး တွင်​မိ​မိ​၏​ဦး​ခေါင်း​ကို​ဖုံး​အုပ်​၍​ပတ္ထ​နာ​ပြု သော်​လည်း​ကောင်း၊ တ​ရား​ဟော​သော်​လည်း​ကောင်း ခ​ရစ်​တော်​၏​အ​သ​ရေ​တော်​ကို​ရှုတ်​ချ​သူ ဖြစ်​၏။-

5. မိန်း​မ​သည်​စု​ဝေး​ဝတ်​ပြု​ခြင်း​တွင်​မိ​မိ​၏​ဦး ခေါင်း​ကို​မ​ဖုံး​မ​အုပ်​ဘဲ​ဆု​တောင်း​ပတ္ထ​နာ​ပြု သော်​လည်း​ကောင်း၊ တ​ရား​တော်​ကို​ကြေ​ညာ သော်​လည်း​ကောင်း မိ​မိ​ခင်​ပွန်း​၏​အ​သ​ရေ​ကို ရှုတ်​ချ​သူ​ဖြစ်​၏။ သူ​သည်​ခေါင်း​တုံး​ရိတ်​ထား သည့်​အ​မျိုး​သ​မီး​နှင့်​မ​ထူး​ခြား​တော့​ချေ။-

6. မိန်း​မ​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​မ​ဖုံး​မ​အုပ် ဘဲ​ထား​မည့်​အ​စား မိ​မိ​၏​ဆံ​ပင်​ကို​ဖြတ် ထား​လျှင်​သာ​၍​ကောင်း​၏။ ဆံ​ပင်​ဖြတ်​ခြင်း၊ ခေါင်း​တုံး​ရိတ်​ခြင်း​တို့​သည်​အ​မျိုး​သ​မီး အ​တွက် ရှက်​ဖွယ်​ကောင်း​သော​အ​ရာ​များ​ဖြစ် သ​ဖြင့် သူ​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​ဖုံး​အုပ်​စေ။-

7. အ​မျိုး​သား​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​ဖုံး အုပ်​ရန်​မ​သင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ သည်​ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​ဘုန်း အ​သ​ရေ​တော်​ကို​ရောင်​ပြန်​ဟပ်​သူ​ဖြစ်​သော ကြောင့်​တည်း။ အ​မျိုး​သ​မီး​သည်​ကား​အ​မျိုး သား​၏​ဘုန်း​အ​သ​ရေ​ကို​ရောင်​ပြန်​ဟပ်​သူ ဖြစ်​၏။-

8. အ​မျိုး​သား​သည်​အ​မျိုး​သ​မီး​မှ​ဖန်​ဆင်း ထား​သူ​မ​ဟုတ်။ အ​မျိုး​သ​မီး​သည်​သာ​လျှင် အ​မျိုး​သား​မှ​ဖန်​ဆင်း​သူ​ဖြစ်​၏။-

9. အ​မျိုး​သား​ကို​အ​မျိုး​သ​မီး​အ​တွက်​ဘု​ရား သ​ခင်​ဖန်​ဆင်း​တော်​မ​မူ။ အ​မျိုး​သမီး​ကို​သာ လျှင်​အ​မျိုး​သား​အ​တွက်​ဖန်​ဆင်း​တော်​မူ​၏။-

10. သို့​ဖြစ်​၍​ကောင်း​ကင်​တ​မန်​များ​ကို​ထောက် သော​အား​ဖြင့် အ​မျိုး​သ​မီး​သည်​မိ​မိ​အ​ပေါ် အ​မျိုး​သား​အုပ်​စိုး​ခြင်း​ကို​ဖော်​ပြ​ရန်​မိ​မိ ဦး​ခေါင်း​ကို​အုပ်​သင့်​၏။-

11. သို့​ရာ​တွင်​သ​ခင်​ဘု​ရား​၏​မိတ်​သ​ဟာ​ယ အ​ဖွဲ့​တွင် အ​မျိုး​သား​သည်​အ​မျိုး​သ​မီး ကို​လို​အပ်​သ​ကဲ့​သို့​အ​မျိုး​သ​မီး​သည် လည်း​အ​မျိုး​သား​ကို​လို​အပ်​ပေ​သည်။-

12. အ​မျိုး​သ​မီး​သည်​အ​မျိုး​သား​မှ​ဖန်​ဆင်း​သော် လည်း အ​မျိုး​သား​သည်​အ​မျိုး​သ​မီး​က​မွေး​ဖွား သူ​ဖြစ်​၏။ အ​ရာ​ခပ်​သိမ်း​ကို​ဖြစ်​ပေါ်​စေ​သော အ​ရှင်​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။

13. အ​မျိုး​သ​မီး​သည်​ဦး​ခေါင်း​ကို​မ​ဖုံး​မ​အုပ် ဘဲ​စု​ဝေး​ဝတ်​ပြု​ခြင်း​တွင် ဘု​ရား​သ​ခင်​အား ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​သင့်​တော်​သည်​မ​သင့် တော်​သည်​ကို​သင်​တို့​ကိုယ်​တိုင်​စဉ်း​စား​ဆင်​ခြင် ကြ​လော့။-

14. ဆံ​ပင်​ရှည်​သည့်​အ​မျိုး​သား​အ​တွက်​ရှက်​ဖွယ် ရာ​ဖြစ်​ကြောင်း၊-

15. အ​မျိုး​သ​မီး​အ​တွက်​မှာ​မူ​လှ​ပ​တင့်​တယ်​ဖွယ် ရာ​ဖြစ်​ကြောင်း သ​ဘာ​ဝ​ဋ္ဌမ္မ​က​ပင်​သွန်​သင်​ပေး သည်​မ​ဟုတ်​ပါ​လော။ ဆံ​ပင်​ရှည်​ကို​အ​မျိုး သ​မီး​အား​ခြုံ​ထည်​အ​ဖြစ်​ပေး​ထား​ခြင်း​ဖြစ်​၏။-

16. ဤ​ကိစ္စ​နှင့်​ပတ်​သက်​၍​စော​ဒ​က​တက်​လို​သူ အား​ငါ​တို့​၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏ အ​သင်း​တော်​များ​၌​လည်း​ကောင်း ယင်း​သို့ ခေါင်း​ဖုံး​အုပ်​သည့်​ထုံး​စံ​မှ​လွဲ​၍​အ​ခြား ထုံး​စံ​မ​ရှိ​ကြောင်း​ငါ​ဖြေ​ဆို​အံ့။

၁ ကော 11