4. ငါသည်သင်တို့အားခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်ပေးတော်မူသောကျေးဇူးတော် ကိုထောက်၍ ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်ချီးမွမ်း၏။-
5. သင်တို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်း ရှိသဖြင့်နှုတ်သတ္တိ၊ ဉာဏ်သတ္တိနှင့်တကွအစစ အရာရာတွင်ကြွယ်ဝပြည့်စုံလျက်ရှိကြ၏။-
6. ငါတို့ဟောပြောကြေညာသည့်ခရစ်တော် အကြောင်းသတင်းကောင်းသည် သင်တို့အထဲ တွင်အမြစ်စွဲလျက်ရှိ၏။-
7. သို့ဖြစ်၍အရှင်ယေရှုခရစ်ကြွလာတော်မူ မည်ကိုစောင့်မျှော်လျက်နေစဉ် သင်တို့မခံစား ကြရသည့်ကောင်းချီးမင်္ဂလာဟူ၍မရှိ။-
8. ငါတို့အရှင်ယေရှုခရစ်တရားစီရင်တော်မူရာ နေ့တွင် သင်တို့သည်အပြစ်နှင့်ကင်းစင်စေရန် ကိုယ်တော်သည်သင်တို့အားအဆုံးတိုင်အောင် တည်ကြည်စေတော်မူလိမ့်မည်။-