ဧ​သ​တာ 8:1-4 Common Language Bible (BCL)

1. ထို​နေ့​၌​ပင်​လျှင်​ဇေ​ရဇ်​မင်း​သည်​ယု​ဒ အ​မျိုး​သား​တို့​၏​ရန်​သူ​ဟာ​မန်​ပိုင်​သည့် အိမ်​ရာ​ပစ္စည်း​မှန်​သ​မျှ​ကို မိ​ဖု​ရား​ဧ​သ​တာ အား​ပေး​တော်​မူ​၏။ ဧ​သ​တာ​က​မိ​မိ​သည် မော်​ဒ​ကဲ​နှင့်​ဆွေ​မျိုး​တော်​စပ်​ကြောင်း​ကို မင်း​ကြီး​အား​လျှောက်​ထား​သ​ဖြင့် မော်​ဒ​ကဲ သည်​ထို​နေ့​မှ​အ​စ​ပြု​၍​မင်း​ကြီး​၏​ရှေ့ တော်​သို့​ဝင်​ခွင့်​ရ​ရှိ​လေ​သည်။-

2. မင်း​ကြီး​သည်​ဟာ​မန်​၏​ထံ​မှ​ပြန်​သိမ်း​သည့် တံ​ဆိပ်​လက်​စွပ်​တော်​ကို​ချွတ်​၍​မော်​ဒ​ကဲ အား​ပေး​တော်​မူ​၏။ ဧ​သ​တာ​သည်​လည်း ဟာ​မန်​၏​အိမ်​ရာ​ပစ္စည်း​များ​ကို​မော်​ဒ​ကဲ အား​အုပ်​ထိန်း​စေ​၏။

3. ထို​နောက်​ဧ​သ​တာ​သည်​မင်း​ကြီး​၏​ခြေ တော်​ရင်း​တွင်​ပျပ်​ဝပ်​လျက်​ငို​ယို​ကာ ယု​ဒ အ​မျိုး​သား​တို့​အား​ကွပ်​မျက်​ရန်​အ​တွက် အာ​ဂတ်​မှ​ဆင်း​သက်​သူ​ဟာ​မန်​ကြံ​စည် ခဲ့​သည့်​ဘေး​အန္တ​ရာယ်​ဆိုး​ကို​တား​ဆီး ပေး​တော်​မူ​ရန်​တောင်း​ပန်​လေ​သည်။-

4. မင်း​ကြီး​သည်​သူ့​အား​ရွှေ​ရာ​ဇ​လှံ​တံ ကို​ကမ်း​ပေး​တော်​မူ​သ​ဖြင့် ဧ​သ​တာ သည်​ထ​၍​ရပ်​ပြီး​လျှင်၊-

ဧ​သ​တာ 8