1-2. ဤအဖြစ်အပျက်အလုံးစုံကို မော်ဒကဲ သိရသောအခါပြင်းစွာစိတ်ဒုက္ခရောက်လျက် မိမိ၏အဝတ်များကိုဆုတ်ပြီးလျှင်လျှော် တေကိုဝတ်၍ဦးခေါင်းကိုပြာနှင့်လူး၏။ ထို နောက်သူသည်ပြင်းပြစွာငိုကြွေးမြည်တမ်း လျက် နန်းတော်အဝင်ဝသို့ရောက်သည်တိုင် အောင်မြို့ကိုဖြတ်၍လျှောက်သွားလေသည်။ မည်သူမဆိုလျှော်တေကိုဝတ်၍ နန်းတွင်း သို့မဝင်ရသောကြောင့်သူသည်နန်းတွင်း သို့မဝင်ချေ။-
3. မင်းကြီး၏အမိန့်ကြေငြာချက်ရောက်ရှိ လေရာပြည်နယ်တို့၌ ယုဒအမျိုးသား တို့သည်အစာရှောင်၍အော်ဟစ်ငိုကြွေး မြည်တမ်းကြကုန်၏။ လူတိုင်းလိုပင်လျှော် တေကိုဝတ်ကာပြာပေါ်တွင်လှဲ၍နေကြ ကုန်၏။