2-3. ကျမ်းစာတော်က``သင်၏မိဘကိုရိုသေသမှုပြု လော့။ သို့ပြုလျှင်သင်သည်ကောင်းစားလျက်မြေကြီး ပေါ်တွင်အသက်ရှည်လိမ့်မည်'' ဟုဖော်ပြသည်။ ဤ ကားကတိတော်ပါရှိသည့်ပထမပညတ်ဖြစ်၏။
4. မိဘတို့၊ သားသမီးများကိုစိတ်ဆိုးစေရန်မပြု ကြနှင့်။ သို့ရာတွင်သူတို့အားသခင်ဘုရား၏ အလိုတော်နှင့်အညီသွန်သင်ဆုံးမကြလော့။
5. ကျွန်ဖြစ်သူတို့၊ သင်တို့သည်ခရစ်တော်၏အစေ ကိုခံသကဲ့သို့ ကြောက်လန့်တုန်လှုပ်လျက်ရိုး သားသောစိတ်နှင့်သခင်တို့၏စကားကို နားထောင်ကြလော့။-
6. သခင်များနှစ်သက်စေရန်သူတို့၏ရှေ့မှောက် ၌သာနားထောင်ကြသည်မဟုတ်ဘဲ ခရစ်တော် ၏ကျွန်များအနေဖြင့် ဘုရားသခင်၏အလို တော်ရှိသည့်အတိုင်းစိတ်ရောကိုယ်ပါအစေခံ ကြလော့။-