ဧ​ဖက် 4:20-27 Common Language Bible (BCL)

20. ခ​ရစ်​တော်​၏​လမ်း​စဉ်​သည်​ထို​လမ်း​စဉ်​မ​ဟုတ် ကြောင်း​ကို​သင်​တို့​သင်​ကြား​ခဲ့​ကြ​ပြီ။-

21. ကိုယ်​တော်​၏​အ​ကြောင်း​ကို​အ​မှန်​ပင်​သင်​တို့​ကြား​နာ ကြ​ရ​ပြီ။ ကိုယ်​တော်​၏​တ​ပည့်​များ​အ​နေ​ဖြင့် သ​ခင် ယေ​ရှု​၏​သမ္မာ​တ​ရား​တော်​အ​ကြောင်း​ကို​သင်​ကြား ခဲ့​ကြ​ပြီ။-

22. သို့​ဖြစ်​၍​အ​ထက်​က​ကျင်​လည်​ခဲ့​သော​လူ​ဟောင်း ဘ​ဝ​ကို​စွန့်​ပစ်​လော့။ လှည့်​ဖြား​တတ်​သော​ဆန္ဒ​များ ကြောင့်​ယို​ယွင်း​ပျက်​စီး​သည့်​လူ​ဟောင်း​ကို​စွန့်​လွှတ် ကြ​လော့။-

23. သင်​တို့​သည်​စိတ်​သစ်​သ​ဘော​သစ်​ကို​ခံ​ယူ​ကြ ရ​မည်။-

24. ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​အ​ညီ​ဖန်​ဆင်း ခြင်း​ကို​ခံ​ရ​၍ သမ္မာ​တ​ရား​ဆိုင်​ရာ​ဖြောင့်​မတ် သန့်​ရှင်း​သူ​လူ​သစ်​ဖြစ်​ကြ​ရ​မည်။

25. ထို့​ကြောင့်​မု​သား​ကို​မ​ပြော​ကြ​နှင့်။ ငါ​တို့​အ​ပေါင်း သည် ခ​ရစ်​တော်​၏​ကိုယ်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ဖြစ် ကြ​သ​ဖြင့် ယုံ​ကြည်​သူ​အ​ချင်း​ချင်း​အား​သစ္စာ စ​ကား​ကို​ပြော​ကြ​လော့။-

26. သင်​တို့​သည်​အ​ပြစ်​ကူး​ရာ​ရောက်​သည့်​တိုင်​အောင် အ​မျက်​မ​ထွက်​ကြ​နှင့်။ နေ​မ​ဝင်​မီ​အ​မျက်​ကို ပြေ​ငြိမ်း​စေ​ကြ​လော့။-

27. မာရ်​နတ်​ကို​အ​ခွင့်​မ​ပေး​ကြ​နှင့်။-

ဧ​ဖက် 4