ဧ​ဇ​ရ 9:4-9 Common Language Bible (BCL)

4. ညဥ့်​ဦး​ယဇ်​ပူ​ဇော်​ချိန်​ကျ​ရောက်​၍​လူ​တို့​သည် ငါ​၏​အ​နီး​တွင်​လာ​ရောက်​စု​ရုံး​ကြ​သည့်​တိုင် အောင် ငါ​သည်​ဝမ်း​နည်း​ကြေ​ကွဲ​သော​စိတ်​နှင့် ထို​အ​ရပ်​တွင်​ထိုင်​လျက်​နေ​၏။ ထို​သူ​တို့​သည် ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ​တို့​၏ အ​ပြစ်​များ​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် မိန့်​တော်​မူ​သော​စ​ကား​ကြောင့် ကြောက်​လန့် နေ​ကြ​သူ​များ​ဖြစ်​သ​တည်း။

5. ညဥ့်​ဦး​ယဇ်​ပူ​ဇော်​ချိန်​ရောက်​သော​အ​ခါ ငါ သည်​ညည်း​တွား​မြည်​တမ်း​လျက် ထိုင်​၍​နေ​ရာ မှ​ထ​ပြီး​လျှင် စုတ်​နေ​သော​အ​ဝတ်​များ​နှင့်​ပင် ဒူး​ထောက်​လျက် ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ထံ​တော်​သို့​လက်​အုပ်​ချီ​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​၏။-

6. ငါ​က``အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော် ၏​ရှေ့​တော်​၌ ခေါင်း​မ​မော်​ဝံ့​အောင်​ပင်​ရှက်​ပါ​၏။ အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ​သည် အ​ကျွန်ုပ်​တို့ ဦး​ခေါင်း​ကို​လွှမ်း​မိုး​သည့်​တိုင်​အောင်​များ​ပြား ပါ​၏။ ထို​အ​ပြစ်​များ​သည် မိုး​ကောင်း​ကင် အ​ထိ​မြင့်​မား​ကြီး​လေး​ပါ​၏။-

7. ဘိုး​ဘေး​များ​လက်​ထက်​မှ​အ​စ​ပြု​၍​ယ​နေ့ တိုင်​အောင်​ပင် ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ကျွန်ုပ် တို့​သည် လွန်​စွာ​အ​ပြစ်​ကူး​ခဲ့​ကြ​ပါ​၏။ ထို အ​ပြစ်​များ​ကြောင့်​အ​ကျွန်ုပ်​တို့​၏​ဘု​ရင်​များ နှင့်​ယဇ်​ပု​ရော​ဟိတ်​တို့​သည် လူ​မျိုး​ခြား​ဘု​ရင် များ​၏​လက်​သို့​အပ်​နှင်း​ခြင်း၊ ဋ္ဌား​ဘေး​သင့်​ခြင်း၊ လု​ယက်​ခြင်း၊ သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး​သွား​ခြင်း၊ ယ​ခု​အ​ခါ​၌​ကဲ့​သို့​လုံး​ဝ​အ​သ​ရေ​ပျက် ခြင်း​တို့​ကို​ခံ​ရ​ကြ​ပါ​၏။-

8. အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​က​ရု​ဏာ​ထား တော်​မူ​သ​ဖြင့် လူ​မျိုး​ခြား​တို့​၏​လက်​မှ​လွတ် မြောက်​စေ​၍ ယ​ခု​အ​ခါ​သန့်​ရှင်း​မြင့်​မြတ်​သည့် ဌာ​န​တော်​တွင် ကာ​လ​အ​နည်း​ငယ်​မျှ​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​ပါ ပြီ။ ကိုယ်​တော်​သည်​ကျွန်ုပ်​တို့​အား ကျွန်​ဘ​ဝ​မှ လွတ်​မြောက်​စေ​၍​ဘ​ဝ​သစ်​ကို​ပေး​တော်​မူ ပါ​ပြီ။-

9. အ​ကျွန်ုပ်​တို့​သည်​ကျွန်​ခံ​လျက်​နေ​ကြ​ရ သော်​လည်း ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​တို့ ကို​စွန့်​ပစ်​တော်​မ​မူ​ပါ။ ကိုယ်​တော်​သည်​ပေ​ရ​သိ ဘု​ရင်​တို့​ရှေ့​တွင် အ​ကျွန်ုပ်​တို့​ကို​မျက်​နှာ​သာ ရ​စေ​တော်​မူ​၍ အ​သက်​ရှင်​ခွင့်​နှင့်​ပျက်​စီး ယို​ယွင်း​နေ​သည့်​ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​ခွင့်​နှင့် ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​တို့​တွင် ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ထိုင်​ခွင့်​ကို ပေး​စေ​တော်​မူ​ပါ​၏။

ဧ​ဇ​ရ 9