2. ဟိလခိ၏အဖသည်ရှလ္လုံ၊ ရှလ္လုံ၏အဖ မှာဇာဒုတ်၊ ဇာဒုတ်၏အဖကားအဟိ တုတ်ဖြစ်၏။-
3. အဟိတုတ်၏အဖသည်အာမရိ၊ အာမရိ ၏အဖမှာအာဇရိ၊ အာဇရိ၏အဖကား မေရာယုတ်ဖြစ်၏။-
4. မေရာယုတ်၏အဖသည်ဇေရဟိ၊ ဇေရဟိ ၏အဖမှာသြဇိ၊ သြဇိ၏အဖကားဗုက္ကိ ဖြစ်၏။-
5. ဗုက္ကိ၏အဖသည်အဘိရွှ၊ အဘိရွှ၏အဖ သည် ဖိနဟတ်၊ ဖိနဟတ်၏အဖမှာဧလာဇာ၊ ဧလဇာ၏အဖကားအာရုန်ဖြစ်သတည်း။
6. ဧဇရသည်မောရှေအားဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား ပေးအပ်တော်မူသည့်ပညတ်ကျမ်းကိုကြေ ညက်စွာတတ်မြောက်သူပညာရှိကြီးဖြစ် ၏။ ဧဇရသည်ဘုရားသခင်၏ကောင်းချီး မင်္ဂလာကိုခံစားရသူဖြစ်သဖြင့် မင်း ကြီးသည်သူတောင်းသမျှသောအရာ တို့ကိုပေးသနားတော်မူလေသည်။-
7. ဧဇရသည်ယဇ်ပုရောဟိတ်များ၊ လေဝိ အနွယ်ဝင်များ၊ ဗိမာန်တော်ဂီတပညာသည် များ၊ ဗိမာန်တော်အစောင့်တပ်သားများနှင့် အလုပ်သမားများပါဝင်သည့်ဣသရေလ အမျိုးသားများနှင့်အတူ အာတဇေရဇ် မင်းနန်းစံခုနစ်နှစ်မြောက်၌ ဗာဗုလုန်မြို့ မှယေရုရှလင်မြို့သို့လိုက်လာခဲ့၏။-