16. သို့ဖြစ်၍ဤမြို့နှင့်မြို့ရိုးကိုပြီးစီးအောင်ပြန်လည်တည်ဆောက်ခဲ့လျှင် အရှင်မင်းကြီးသည်ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်ကိုထိန်းသိမ်းအုပ်ချုပ်နိုင်တော့မည်မဟုတ်ကြောင်းလျှောက်ထားအပ်ပါသည်'' ဟူ၍တည်း။
17. မင်းကြီး၏ပြန်ကြားလွှာမှာ၊``ဘုရင်ခံရေဟုံ၊ အတွင်းဝန်ရှိမရှဲနှင့်တကွ အပေါင်းအဖော်များဖြစ်ကြသောရှမာရိမြို့သားများနှင့် ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်သားတို့အား နှုတ်ခွန်းဆက်သလိုက်ပါသည်။''
18. ``သင်တို့ပေးပို့လိုက်သောစာကိုဘာသာပြန်၍ ငါ့အားဖတ်ပြကြသည်။-
19. ငါသည်အမိန့်ထုတ်ဆင့်၍ရှာဖွေကြည့်ရှုရာယေရုရှလင်မြို့သည်ရှေးကာလမှအစပြု၍ ဧကရာဇ်မင်းတို့ကိုတော်လှန်ပုန်ကန်လေ့ရှိကြောင်းကိုလည်းကောင်း၊ ပုန်ကန်သူများ၊ အနှောင့်အယှက်ပေးတတ်သူများနှင့်ပြည့်နှက်နေကြောင်းကိုလည်းကောင်းတွေ့ရှိရသည်။-