ဧ​ဇ​ရ 2:63-70 Common Language Bible (BCL)

63. ယု​ဒ​ဘု​ရင်​ခံ​က​သူ​တို့​အား​သင်​တို့​သည် ဥ​ရိမ်​နှင့်​သု​မိမ် ကို​အ​သုံး​ပြု​နိုင်​သော​ယဇ်​ပု​ရော​ဟိတ်​မ​ပေါ်​ထွန်း​မီ၊ သန့်​ရှင်း​သော​အ​စာ​များ​ကို​မ​သုံး​ဆောင်​ရ​ဟု​ပြော​ကြား​လိုက်​သည်။

68. ပြည်​နှင်​ဒဏ်​သင့်​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ရှိ​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ သား​ချင်း​စု​ခေါင်း​ဆောင်​အ​ချို့​တို့​သည် နေ​ရာ​ဟောင်း​တွင်​ဗိ​မာန်​တော်​ပြန်​လည်​တည်​ဆောက်​ရန်​အ​တွက် မိ​မိ​တို့​စေ​တ​နာ​အ​လျောက်​ပေး​လှူ​ကြ​လေ​သည်။-

69. ဤ​တည်​ဆောက်​မှု​ဖြစ်​မြောက်​ရေး​အ​တွက် သူ​တို့​သည်​တတ်​နိုင်​သ​မျှ​အ​တိုင်း ရွှေ​တစ်​ထောင့်​သုံး​ဆယ်​ပေါင်၊ ငွေ​ငါး​ထောင်​ခု​နစ်​ရာ​လေး​ဆယ်​ပေါင်​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက်​ဝတ်​စုံ​တစ်​ရာ​တို့​ကို​လှူ​ကြ​၏။

70. ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​လူ​အ​ချို့​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​မ​ဟုတ်​ထို​မြို့​အ​နီး​တွင်​နေ​ထိုင်​ကြ​၏။ ဂီ​တ​ပ​ညာ​သည်​များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ​နှင့်​ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​သည် အ​နီး​အ​နား​ရှိ​မြို့​တို့​တွင်​နေ​ထိုင်​ကြ​လေ​သည်။ ကျန်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ဘိုး​ဘေး​နေ​ထိုင်​ခဲ့​သော​မြို့​များ​သို့​သွား​ရောက်​နေ​ထိုင်​ကြ​သည်။

ဧ​ဇ​ရ 2