40. ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသောလေဝိအနွယ်ဝင်သားချင်းစုများမှာ အောက်ပါအတိုင်းဖြစ်သည်။ယောရှုနှင့်ကာဒမေလသားချင်းစုမှ (ဟောဒဝိ၏သားမြေးများ) ၇၄
41. ဗိမာန်တော်ဂီတပညာသည် (အာသပ်၏သားမြေးများ) ၁၂၈
42. ဗိမာန်တော်အစောင့်တပ်သား (ရှလ္လုံ၊ အာတာ၊ တာလမုန်၊ အက္ကုပ်၊ ဟတိတနှင့်ရှောဗဲတို့၏သားမြေးများ) ၁၃၉
43-54. ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသောဗိမာန်တော်အလုပ်သမားသားချင်းစုများမှာ၊ဇိဟ၊ဟသုဖ၊တဗ္ဗောက်၊ကေရုတ်၊သယာဟ၊ပါဒုန်၊လေဗန၊ဟာဂဘ၊အက္ကုပ်၊ဟာဂပ်၊ရှာလမဲ၊ဟာနန်၊ဂိဒ္ဒေလ၊ဂါဟာ၊ရာယ၊ရေဇိန်၊နေကောဒ၊ဂဇ္ဇမ်၊သြဇ၊ပါသာ၊ဗေသဲ၊အာသနာ၊မဟုနိမ်၊နဖုသိမ်၊ဗာကဗုတ်၊ဟကုဖ၊ယာရဟုရ၊ဗာဇလုတ်၊မဟိဒ၊ဟရရှ၊ဗာကုတ်၊သိသရ၊သာမနေဇိနှင့်ဟတိဖတို့ဖြစ်ကြ၏။
55-57. ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသော ရှောလမုန်၏အစေခံသားချင်းစုများမှာ၊သောတဲ၊သောဖရက်၊ပေရုဒ၊ယာလ၊ဒါကုန်၊ဂိဒ္ဒေလ၊ရှေဖတိ၊ဟတ္တိလ၊ပေါခရက်၊ဇေဗိမ်နှင့်အာမိတို့ဖြစ်သည်။
58. ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသောရှောလမုန်၏အစေခံများနှင့် ဗိမာန်တော်အလုပ်သမားများ၏သားမြေးဦးရေစုစုပေါင်းမှာ သုံးရာကိုးဆယ့်နှစ်ယောက်ဖြစ်သတည်း။
59. တေလမေလမြို့၊ တေလဟာသမြို့၊ ခေရုပ်မြို့၊ အဒ္ဒန်မြို့နှင့်ဣမေရမြို့တို့မှထွက်ခွာလာသော၊-