ဧ​ဇ​ရ 1:2-4 Common Language Bible (BCL)

2. ထို​အ​မိန့်​တော်​တွင် ဤ​ကား​ပေ​ရ​သိ​ပြည်​ကု​ရု​မင်း​၏​အ​မိန့်​တော်​ဖြစ်​သည်။ ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​အ​စိုး​ရ​စေ​တော်​မူ​၍ ယု​ဒ​ပြည်​ယေ​ရု​ရှ​လင်​မြို့​၌​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရန် တာ​ဝန်​ကို​ငါ့​အား​ပေး​အပ်​တော်​မူ​လေ​ပြီ။-

3. ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​တော်​ဝင်​ဖြစ်​သူ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​စေ​သ​တည်း။ သင်​တို့​သည်​ယု​ဒ​ပြည်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရောက်​၍ ထို​မြို့​တွင်​ကိုး​ကွယ်​ဝတ်​ပြု​သည့်​ဘု​ရား​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​ကြ​ရ​မည်။-

4. အ​ကယ်​၍​ပြည်​နှင်​ဒဏ်​သင့်​လျက်​ရှိ​သည့် ကိုယ်​တော်​၏​လူ​မျိုး​တော်​ဝင်​ပြန်​သွား​ရန်​အ​တွက် အ​ကူ​အ​ညီ​လို​ပါ​က​သူ​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ​လူ​တို့​က ကူ​ညီ​ရ​ကြ​မည်။ သူ​တို့​သည် ရွှေ၊ ငွေ၊ ရိက္ခာ၊ ဝန်​တင်​တိ​ရစ္ဆာန်​များ​အ​ပြင် ယေ​ရု​ရှ​လင်​မြို့​ရှိ​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​အ​တွက် အ​လှူ​ဒါ​န​များ​ကို​ပေး​ရ​ကြ​မည်'' ဟု​ပါ​ရှိ​သ​တည်း။

ဧ​ဇ​ရ 1