အာ​မုတ် 6:5-9 Common Language Bible (BCL)

5. သင်​တို့​သည်​ဒါ​ဝိဒ်​ကဲ့​သို့​သီ​ချင်း​များ​စပ် ဆို​ပြီး​စောင်း​ကောက်​တီး​ကာ​သီ​ဆို​လို ကြ​၏။-

6. စ​ပျစ်​ရည်​ကို​ဖ​လား​လိုက်​သောက်​၍​အ​ကောင်း ဆုံး​ဆီ​မွှေး​ကို​လိမ်း​ကာ​ဖြင့်​နေ​ကြ​၏။ ဣ​သ ရေ​လ​နိုင်​ငံ​ယို​ယွင်း​နေ​ခြင်း​ကို​မူ​မ​ကြေ ကွဲ​ဘဲ​နေ​ရက်​ကြ​ပြီ​တ​ကား။-

7. သို့​ဖြစ်​သော​ကြောင့်​ပြည်​နှင်​ခံ​ရ​သူ​များ​အ​နက် သင်​တို့​သည်​အ​ဦး​ဆုံး​ဖြစ်​လိမ့်​မည်။ ဤ​သို့​ဖြင့် သင်​တို့​ဘာ​သာ​ရေး​ပွဲ​များ​နှင့် စား​တော်​ပွဲ​များ သည်​နိ​ဂုံး​ချုပ်​ရ​လိမ့်​မည်။

8. ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​က``ဣ​သ​ရေ​လ​၏​မာ​န​ကို​ငါ​ရွံ​ရှာ ၏။ သူ​တို့​စည်း​စိမ်​ခံ​ရာ​အိမ်​ကြီး​များ​ကို လည်း​ငါ​စက်​ဆုတ်​၏။ သူ​တို့​မြို့​တော်​နှင့်​မြို့ တွင်း​ရှိ​အ​ရာ​အား​လုံး​ကို ရန်​သူ့​လက်​သို့ ငါ​ပေး​အပ်​လိုက်​မည်'' ဟု​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​အ​လေး​အ​နက်​ကျိန်​ဆို​သ​တိ ပေး​တော်​မူ​ပြီ။

9. အိမ်​ထောင်​တစ်​အိမ်​ထောင်​တွင်​လူ​ဆယ်​ယောက် ကျန်​ရစ်​နေ​လျှင်​လည်း ယင်း​တို့​အား​လုံး သေ​ရ​လိမ့်​မည်။-

အာ​မုတ် 6