အာ​မုတ် 3:3-7 Common Language Bible (BCL)

3. လူ​နှစ်​ဦး​သည်​တွေ့​ဆုံ​ရန်​မ​ချိန်း​ဆို​ဘဲ အ​တူ​ခ​ရီး​ပြု​နိုင်​မည်​လော။

4. ခြင်္သေ့​သည်​သား​ကောင်​ကို​မ​တွေ့​ဘဲ​တော ထဲ​၌ အ​ကြောင်း​မဲ့​ဟောက်​နေ​မည်​လော။ခြင်္သေ့​ပျို​သည်​ဘယ်​အ​ရာ​ကို​မျှ​မ​ဖမ်း​မိ ဘဲ မိ​မိ​ဂူ​အ​တွင်း​၌​အ​ကြောင်း​မဲ့​ကြုံး ဝါး​နေ​မည်​လော။

5. အ​စာ​မ​ပါ​သော​ကျော့​ကွင်း​ဖြင့်​ကောင်း​ကင်​မှ ငှက်​တစ်​ကောင်​ကို​ထောင်​ဖမ်း​နိုင်​သ​လော။တစ်​စုံ​တစ်​ရာ​ကို​ဖမ်း​မိ​သော​ကြောင့်​သာ ကျော့​ကွင်း​ပြုတ်​သွား​ရ​သည်​မ​ဟုတ်​လော။

6. မြို့​တွင်း​၌​စစ်​ခ​ရာ​သံ​ကို​ကြား​ရ​လျှင် မြို့​သား​တို့​သည် မ​ထိတ်​လန့်​ဘဲ​နေ​လိမ့် မည်​လော။ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​သော​ကြောင့်​သာ​လျှင် မြို့​ထဲ​သို့​ဘေး​ဒုက္ခ​ကျ​ရောက်​လာ​ရ​သည် မ​ဟုတ်​လော။

7. အ​ကယ်​စင်​စစ်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​အ​ကြံ​တော်​ကို မိ​မိ​၏​ကျွန်​ပ​ရော​ဖက် တို့​အား​မ​ဖော်​ပြ​ဘဲ​မည်​သည့်​အ​မှု​ကို​မျှ ပြု​တော်​မ​မူ။

အာ​မုတ် 3