အာ​မုတ် 2:4-6 Common Language Bible (BCL)

4. ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ပြည်​သား​တို့ သည်​တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ကြ သ​ဖြင့်​ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ် ပေး​ရ​တော့​မည်။ သူ​တို့​သည်​ငါ​၏​သြ​ဝါ​ဒ ကို​ရွံ​မုန်း​၍​ငါ​ပေး​သော​ပ​ညတ်​တို့​ကို မ​စောင့်​ရှောက်​ဘဲ​နေ​ကြ​လေ​ပြီ။ သူ​တို့ ဘိုး​ဘေး​များ​ဆည်း​ကပ်​ကိုး​ကွယ်​ခဲ့​သော မိစ္ဆာ​ဘု​ရား​များ​နောက်​သို့​ကိုယ်​တိုင်​လိုက် ပါ​ကာ​လမ်း​လွဲ​ကြ​လေ​ပြီ။-

5. ထို့​ကြောင့်​ငါ​သည်​ယု​ဒ​ပြည်​ပေါ်​သို့​မီး​မိုး ရွာ​စေ​ပြီး​ယေ​ရု​ရှ​လင်​မြို့​၏​ရဲ​တိုက်​များ ကို​ပြာ​ချ​လိုက်​မည်​ဟု​မိန့်​တော်​မူ​၏။

6. ထာ​ဝ​ရ​ဘု​ရား​က``ဣသ​ရေ​လ​ပြည်​သား တို့​သည်​တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ကြ သ​ဖြင့်​ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ် ပေး​ရ​တော့​မည်။ သူ​တို့​သည်​ကြွေး​မ​ဆပ် နိုင်​သော​ရိုး​ဖြောင့်​သူ​များ​နှင့် ခြေ​နင်း​တစ် ရံ​အ​တွက်​ကို​မျှ​ကြွေး​မ​ဆပ်​နိုင်​သော ဆင်း​ရဲ​သား​တို့​ကို​ကျွန်​အ​ဖြစ်​ရောင်း​ချ ကြ​သည်။-

အာ​မုတ် 2