ဟေ​ရှာ​ယ 8:10-15 Common Language Bible (BCL)

10. သင်​တို့​၏​စီ​မံ​ကိန်း​များ​ကို​ရေး​ဆွဲ​ကြ​လော့။ သို့​ရာ​တွင်​ထို​စီ​မံ​ကိန်း​တို့​သည်​အ​ဘယ်​အ​ခါ ၌​မျှ​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​ပြော လို​သ​မျှ​သော​စ​ကား​များ​ကို​ပြော​ဆို​ကြ​လော့။ သို့​ရာ​တွင်​ယင်း​တို့​သည်​အ​ချည်း​နှီး​သာ​လျှင် ဖြစ်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သော ကြောင့်​ဖြစ်​၏။

11. ထာ​ဝ​ရ​ဘု​ရား​သည်​ပြည်​သူ​တို့​လိုက်​သည့် လမ်း​စဉ်​ကို​မ​လိုက်​ရန် ငါ့​အား​ကြပ်​မတ်​စွာ သ​တိ​ပေး​တော်​မူ​၏။ ကိုယ်​တော်​က၊-

12. ``သင်​သည်​ထို​သူ​တို့​နှင့်​ကြံ​ရာ​ပါ​မ​ဖြစ် စေ​နှင့်။ သူ​တို့​ကြောက်​လန့်​သော​အ​ရာ​ကို မ​ကြောက်​နှင့်၊-

13. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘုရား​သည်​မြင့် မြတ်​သန့်​ရှင်း​တော်​မူ​ကြောင်း​ကို​မ​မေ့​မ​လျော့ နှင့်။ သင်​ကြောက်​ရ​မည့်​သူ​ကား​ငါ​ပင်​တည်း။-

14. ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​မှု​သည်​ထိတ်​လန့်​အံ့​သြ ဖွယ်​ဖြစ်​သ​ဖြင့်၊ ငါ​သည်​လူ​တို့​တိုက်​မိ​၍​လဲ စ​ရာ​ကျောက်​နှင့်​တူ​၏။ ယု​ဒ​ပြည်​သူ​များ၊ ဣ​သ​ရေ​လ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​သား​တို့​အား ထောင်​ဖမ်း​မည့်​ကျော့​ကွင်း နှင့်​လည်း​တူ​၏။-

15. လူ​အ​များ​ပင်​တိုက်​မိ​၍​လဲ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ယင်း​သို့​လဲ​ကျ​ကာ​ကျိုး​ပဲ့​၍ သွား​ကြ​လိမ့်​မည်။ သူ​တို့​သည်​ကျော့​ကွင်း တွင်​မိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ဟေ​ရှာ​ယ 8