ဟေ​ရှာ​ယ 7:22-25 Common Language Bible (BCL)

22. သူ​သည်​မိ​မိ​စား​သုံး​ရန်​လို​သ​မျှ​သော​နို့ များ​ကို​ရ​ရှိ​လိမ့်​မည်။ ထို​ပြည်​တွင်​မ​သေ​ဘဲ ကျန်​ရစ်​သ​မျှ​သော​လူ​တို့​သည်​နို့​နှင့်​ပျား ရည်​ကို​စား​သုံး​ရ​ကြ​လိမ့်​မည်။

23. ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ​စ​ပျစ် ပင်​တစ်​ထောင်​ရှိ​၍ ငွေ​ခွက်​တစ်​ထောင်​တန်​ဖိုး ထိုက်​သည့်​စ​ပျစ်​ဥ​ယျာဉ်​တိုင်း​ပင်​လျှင်​ဆူး ခြုံ​အ​မျိုး​မျိုး​ဖြင့်​ဖုံး​အုပ်​၍​နေ​လိမ့်​မည်။-

24. လေး​မြား​မ​ပါ​ဘဲ​အ​ဘယ်​သူ​မျှ​ထို​အ​ရပ် သို့​သွား​ရဲ​ကြ​လိမ့်​မည်​မ​ဟုတ်။ တိုင်း​ပြည် တစ်​ခု​လုံး​ပင်​လျှင်​ဆူး​ခြုံ​အ​မျိုး​မျိုး ဖြင့်​ပြည့်​၍​နေ​လိမ့်​မည်။-

25. အ​ခါ​တစ်​ပါး​က​သီး​နှံ​ပင်​များ​စိုက်​ပျိုး​ခဲ့ သည့်​တောင်​ကုန်း​မှန်​သ​မျှ​သည် ဆူး​ခြုံ​အ​မျိုး မျိုး​နှင့်​ပြည့်​နှက်​နေ​သ​ဖြင့် ထို​နေ​ရာ​များ​သို့ အ​ဘယ်​သူ​မျှ​သွား​ကြ​လိမ့်​မည်​မ​ဟုတ်။ နွား များ​သိုး​များ​ကျက်​စား​ရာ​သာ​လျှင်​ဖြစ် လိမ့်​မည် '' ဟု​ဆို​၏။

ဟေ​ရှာ​ယ 7