ဟေ​ရှာ​ယ 7:1-2 Common Language Bible (BCL)

1. ယု​ဒ​ပြည်​တွင် သြ​ဇိ​၏​မြေး၊ ယော​သံ​၏​သား၊ အာ​ခတ်​နန်း​စံ​စဉ်​အ​ခါ​စစ်​ဖြစ်​လေ​သည်။ ရှု​ရိ ဘု​ရင်​ရေ​ဇိန်​နှင့်​ဣ​သ​ရေ​လ​ဘု​ရင်​ရေ​မ​လိ ၏​သား​ပေ​ကာ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​ခိုက်​ကြ​သော်​လည်း​ထို​မြို့​ကို​သိမ်း​ယူ နိုင်​စွမ်း​မ​ရှိ​ကြ။

2. ရှု​ရိ​တပ်​များ​သည် ဣ​သ​ရေ​လ​နယ်​မြေ​အ​တွင်း သို့​ရောက်​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း ယု​ဒ​ဘု​ရင်​ကြား သိ​ရ​သော​အ​ခါ သူ​နှင့်​တ​ကွ​သူ​၏​ပြည်​သူ အ​ပေါင်း​သည်​လွန်​စွာ​ထိတ်​လန့်​ကြ​ကုန်​၏။ လေ တိုက်​၍​လှုပ်​သော​သစ်​ရွက်​များ​ကဲ့​သို့ သူ​တို့ ၏​စိတ်​နှ​လုံး​သည်​တုန်​လှုပ်​လျက်​နေ​ကုန်​၏။

ဟေ​ရှာ​ယ 7