ဟေ​ရှာ​ယ 65:10-15 Common Language Bible (BCL)

10. သူ​တို့​သည်​ငါ့​ကို​ရှိ​ခိုး​ဝတ်​ပြု​ကာ​မိ​မိ​တို့ ၏​သိုး​နှင့်​ကျွဲ​နွား​များ​ကို​အ​နောက်​ဘက်​ရှိ ရှာ​ရုန်​လွင်​ပြင်​တွင်​လည်း​ကောင်း၊ အ​ရှေ့​ဘက် ရှိ​အာ​ခေါ်​ချိုင့်​စား​ကျက်​များ​တွင်​လည်း ကောင်း နား​နေ​စ​ရာ​အ​ဖြစ်​ကျောင်း​ကြ လိမ့်​မည်။

11. ``သို့​ရာ​တွင်​ငါ့​ကို​စွန့်​ပစ်​သူ​ငါ​၏​သန့်​ရှင်း မြင့်​မြတ်​သည့်​ဇိ​အုန်​တောင်​ကို​ဂ​ရု​မ​စိုက်​ဘဲ ကံ​ကြမ္မာ​ဘု​ရား၊ ဂါ​ဒ​နှင့်​မေ​နိ​တို့​ကို​ဝတ် ပြု​ကိုး​ကွယ်​သူ​သင်​တို့​အ​ဖို့​မှာ​မူ​ကား၊-

12. ဋ္ဌား​နှင့်​အ​သေ​သတ်​ခြင်း​ခံ​ရ​လိမ့်​မည်။ သင် တို့​သည်​ငါ​ခေါ်​သော​အ​ခါ​မ​ထူး​ကြ။ ငါ ပြော​သော​အ​ခါ​နား​မ​ထောင်​ကြ။ သင်​တို့ သည်​ငါ​၏​ရှေ့​တွင်​ဒု​စ​ရိုက်​ပြု​လျက် ငါ​မ နှစ်​သက်​သော​အ​ရာ​ကို​လုပ်​ဆောင်​ကြ​၏။-

13. ထို့​ကြောင့်​ငါ့​စ​ကား​ကို​နား​ထောင်​ရန်​ငါ့​ကို ဝတ်​ပြု​သူ​တို့​သည်​ဖော​ဖော​သီ​သီ​စား​သောက် ရ​ကြ​လျက် သင်​တို့​မူ​ကား​ဆာ​ငတ်​မွတ်​သိပ် လျက်​ရေ​ငတ်​ကြ​လိမ့်​မည်။ ငါ​၏​ကျွန်​တို့ သည်​ပျော်​ရွှင်​ကြ​လျက် သင်​တို့​မူ​ကား​အ​ရှက် ကွဲ​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း​သင်​တို့​အား ငါ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ပြော​ကြား​၏။-

14. ငါ​၏​ကျွန်​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​ရ​ကြ​လျက် သင်​တို့​မူ​ကား​စိတ် နှ​လုံး​ကြေ​ကွဲ​ကျိုး​ပဲ့​လျက်​ငို​ကြွေး​ရ ကြ​လိမ့်​မည်။-

15. ငါ​၏​ရွေး​ချယ်​တော်​ခံ​လူ​မျိုး​တော်​သည် သင်​တို့​နာ​မည်​ကို​ကျိန်​စာ​အ​ဖြစ်​အ​သုံး ပြု​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​လည်း​သင်​တို့​အား​ကွပ်​မျက်​တော် မူ​မည်။ သို့​ရာ​တွင်​ငါ​၏​စ​ကား​ကို​နား​ထောင် သူ​တို့​အား​ငါ​သည်​နာ​မည်​သစ်​ကို​ပေး တော်​မူ​မည်။-

ဟေ​ရှာ​ယ 65