9. သူတို့သည်လူမျိုးတကာတို့တွင်ထင်ပေါ် ကျော်ကြားကြလိမ့်မည်။သူတို့ကားငါ၏ကောင်းချီးမင်္ဂလာကို ခံစားရကြသူများဖြစ်ကြောင်းသူတို့ကိုမြင်သူအပေါင်းတို့သိရှိကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
10. ယေရုရှလင်မြို့သည်ထာဝရဘုရားပြု တော်မူသော အမှုတော်အတွက်ရွှင်လန်းဝမ်းမြောက်ရလိမ့်မည်။သူသည်မင်္ဂလာဆောင်ပွဲအတွက်ဝတ်စား တန်ဆာဆင်ထားသည့်သတို့သမီးနှင့်တူ၏။ဘုရားသခင်သည်သူ့ကိုကယ်တင်ခြင်းနှင့် အောင်မြင်ခြင်း တို့ဖြင့်တန်ဆာဆင်ပေးတော်မူပါ၏။
11. မျိုးစေ့များသည်အညှောက်ထိုး၍အပင် ပေါက်သကဲ့သို့၊ထာဝရအရှင်ဘုရားသခင်သည်မိမိ၏လူမျိုးတော်အားအမှန်ပင် ကယ်တင်တော်မူလိမ့်မည်။လူမျိုးတကာတို့သည်လည်းကိုယ်တော်ကို ထောမနာပြုကြလိမ့်မည်။